spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်သော (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ (18th ASIAN GAMES-2018 ) တွင် မြန်မာအားကစားအဖွဲ့များ ဆက်လက်ယှဉ်ပြိုင်

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်သော (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ (18th ASIAN GAMES-2018 ) တွင် မြန်မာအားကစားအဖွဲ့များ ဆက်လက်ယှဉ်ပြိုင်

 
နေပြည်တော်၊ သြဂုတ်လ(၂၆)ရက်။
 
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ဂျာကာတာမြို့နှင့် ပလန်ဘန်းမြို့တို့ရှိ အားကစားရုံ၊အားကစားကွင်း အသီးသီး၌ ယနေ့ အဌမနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပါသည်။
 
 
ရှေးဦးစွာ ဂျာကာတာမြို့ရှိ မြားပစ်ကွင်း၌ ကျင်းပပြုလုပ်သော အမျိုးသမီး (Compound) မြားပစ် အသင်းလိုက် (၁၆)သင်းအဆင့် ရှုံး/ထွက် ပြိုင်ပွဲတွင်  မြန်မာအသင်းက စုစုလှိုင်၊ လှလှစံ နှင့် ယောစိမ်းယ အတွဲ မှ မလေးရှားအသင်းကစားသမားအတွဲကို ရမှတ် (၂၂၂-၂၂၉) မှတ်ဖြင့်ရှုံးနိမ့်ခဲ့ပါသည်။
 
 
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ Jakabaring Lake Rowing တွင်ကျင်းပသည့် အမျိုးသမီး (၁ဝ) တက် လှော် မီတာ(၅ဝဝ) ရိုးရာလှေလှော် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက စံချိန် (၂မိနစ်၂၉.၈၉၉စက္ကန့်) ဖြင့် ဒုတိယနေရာမှ ပန်းဝင်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး  ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ရာတွင် စံချိန် (၂မိနစ်၃ဝ.၁ဝ၉စက္ကန့်) ဖြင့် ဒုတိယနေရာမှ ပန်းဝင်ခဲ့ကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်ပြီး နေ့လည်ပိုင်း ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် (၆) နိုင်ငံယှဉ်ပြိုင်ရာ စံချိန်(၂မိနစ်၂၈.၆၉ဝ) စက္ကန့်ဖြင့် ပန်းဝင်ခဲ့သောကြောင့် အဆင့်(၅) သာရရှိခဲ့ပါသည်။
 
 
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ Jakabaring Lake Rowing တွင်ကျင်းပသည့် အမျိုးသား (၁ဝ) တက် လှော် မီတာ(၅ဝဝ) ရိုးရာလှေလှော် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက စံချိန် (၂မိနစ်၁၈.၆၁၆စက္ကန့်) ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ရာတွင် စံချိန် (၂မိနစ်၂၁.ဝ၆၃စက္ကန့်) ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့ကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်ပြီး နေ့လည်ပိုင်း ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် (၆) နိုင်ငံယှဉ်ပြိုင်ရာ စံချိန်(၂မိနစ်၂ဝ.၄၆၇) စက္ကန့်ဖြင့် ပန်းဝင်ခဲ့သောကြောင့် အဆင့်(၆) ရရှိခဲ့ကြောင်းသတင်ရရှိပါသည်။
 
ဆက်လက်ပြီး ဂျာကာတာမြို့ရှိ  ဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်သည့် အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ကာတာအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိ ကြောင်းသိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%84%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%94%E1%80%AE%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%81%81%E1%81%88%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-18th-asian-4