spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်သော (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ (18th ASIAN GAMES-2018 ) တွင် မြန်မာလှေလှော်အားကစားအဖွဲ့ များဆက်လက်ယှဉ်ပြိုင်

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်သော (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ (18th ASIAN GAMES-2018 ) တွင် မြန်မာလှေလှော်အားကစားအဖွဲ့ များဆက်လက်ယှဉ်ပြိုင်

 
နေပြည်တော်၊ သြဂုတ်လ(၂၇)ရက်။
 
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ပလန်ဘန်းမြို့ရှိ Jakabaring Lake Rowing ၌ ကျင်းပလျက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု့ကာ အားပေးစကားများ ပြောကြားခဲ့ပါသည်။ 
 
ရှေးဦးစွာ အမျိုးသား (၁ဝ) တက်လှော် မီတာ(၁ဝဝဝ) ရိုးရာလှေလှော် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက စံချိန် (၄မိနစ်၄၄.၂၅၂စက္ကန့်) ဖြင့် ဒုတိယနေရာမှ ပန်းဝင်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး  ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ရာတွင် စံချိန် (၄မိနစ်၄၃.ဝ၅၅စက္ကန့်) ဖြင့် စတုတ္ထ နေရာမှ ပန်းဝင်ခဲ့သောကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ နေ့လည်ပိုင်း ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြိုင်ပွဲဝင် (၁၁) နိုင်ငံယှဉ်ပြိုင်ရာတွင် စံချိန်(၄မိနစ်၅၂.၆၂၁စက္ကန့်) ဖြင့် အဆင့်(၇) သာရရှိခဲ့ကြောင်းသတင်းရရှိပါသည်။
 
(၂၈.၈.၂ဝ၁၈) ရက်နေ့တွင် ဂျာကာတာမြို့ရှိ  ဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်မည့် အမျိုးသားဘော်လီဘော အဆင့်သတ်မှတ်ချက်ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်းသိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%84%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%94%E1%80%AE%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%81%81%E1%81%88%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-18th-asian-5