spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်သော (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ(18th ASIAN GAMES-2018 ) တွင် မြန်မာအားကစားအဖွဲ့များဆက်လက်ယှဉ်ပြိုင်

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်သော (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ(18th ASIAN GAMES-2018 ) တွင် မြန်မာအားကစားအဖွဲ့များဆက်လက်ယှဉ်ပြိုင်

 
နေပြည်တော်၊ သြဂုတ်လ(၂၈)ရက်။
 
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ဂျာကာတာမြို့နှင့်ပလန်ဘန်းမြို့့ရှိ အားကစားကွင်း၊ အားကစားရုံတို့ ၌ ကျင်းပလျက်ရှိရာ အာဆီယံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ကြည့်ရှု့ကာ အားပေးစကားများ ပြောကြားခဲ့ပါသည်။ 
 
ရှေးဦးစွာ ဂျာကာတာမြို့ရှိ  ဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်သည့် အမျိုးသားဘော်လီဘော အဆင့်သတ်မှတ်ချက်ပြိုင်ပွဲအဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  မြန်မာအသင်းမှ  ထိုင်းအသင်း ကို ရမှတ် (၂၄-၂၆) (၃၅-၃၇) (၂၅-၂၂) (၁၅-၂၅) (၃)ပွဲ (၁)ပွဲ ဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် (၃ဝ.၈.၂ဝ၁၈)ရက်နေ့တွင် အဆင့်သတ်မှတ်ချက် (၁၁-၁၂) ပွဲစဉ်ကိုယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရပါသည်။
 
 
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ JSC Roneu Stadium အားကစားရုံ၌ အမျိုးသမီး (၄) ယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းအပါအဝင် အိမ်ရှင်အင်ဒိုနီးရှားအသင်း၊ လာအိုအသင်း နှင့် ကိုရီးယားအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမအုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်း တို့ယှဉ်ပြိုင်ရာ မြန်မာအသင်း မှ လာအိုအသင်းကို (၂)ပွဲ ပြတ်ဖြင့် ရှုံးနိမ့်၍လည်းကောင်း၊ ဆက်လက်ပြီး အမျိုးသား (၄) ယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စု (က)တွင် မြန်မာအသင်းအပါအဝင် အိမ်ရှင် အင်ဒိုနီးရှားအသင်း၊ လာအိုအသင်း နှင့် ဂျပန်အသင်း၊ အုပ်စု(ခ) တွင် နီပေါအသင်း၊ ပါကစ္စတန် အသင်း၊ ဗီယက်နမ်အသင်းနှင့် စကင်ာ္ပူအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ညနေ (၃းဝဝ)နာရီ အချိန်တွင် အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ယှဉ်ပြိုင်ရာ မြန်မာအသင်း မှ လာအိုအသင်းကို (၂)ပွဲ ပြတ်ဖြင့် ရှုံးနိမ့် ခဲ့ကြောင်းသတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%84%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%94%E1%80%AE%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%81%81%E1%81%88%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B218th-asian-games