spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ၊ ဒုတိယဝန်ကြီးတက်ရောက်ကြည့်ရှုအားပေး

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ၊ ဒုတိယဝန်ကြီးတက်ရောက်ကြည့်ရှုအားပေး

 
နေပြည်တော်၊ စက်တင်ဘာလ(၅)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစား နှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော်ကျန်းမာရေး ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဌဦးအောင်ချစ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့်အားကစားသမားများတက်ရောက်ကြပါသည်။
 
ရှေးဦးစွာပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှအဖွင့်အမှာစကားပြောကြားရာတွင်တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာလူငယ်လူရွယ်များအလေးမအားကစားနည်းကို စိတ်ပါဝင်စားလာကြစေရန်၊ ခေတ်မီအလေးမအားကစား နည်းစနစ်များ ပြန့်ပွားတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သောအလေးမအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပါကြောင်း၊ ယခုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသောအားကစားသမားအနေဖြင့်အားကစား စိတ်ဓါတ်အပြည့်အဝဖြင့် အားကစားသမားကောင်းပီသစွာမိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သောတိုင်းဒေသကြီးနှင့်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ကြစေလိုကြောင်း၊ ပြိုင်ပွဲတွင်စံချိန်ကောင်းများရရှိစေရန်စိတ်ဓါတ်ကြံ့ခိုင်စွာဖြင့်အထူးကြိုးစားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှသည်နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့်လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်လာအောင်ကြိုးစားသွားကြပါလို့တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့ပါသည်။
 
  
 
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ကျန်းမာရေး ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား ကြည့်ရှု့အားပေးခဲ့ပါသည်။
 
အဆိုပါ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲတွင်အမျိုးသား (၅၆)ကီလိုတန်း၊(၆၂)ကီလိုတန်း၊(၆၉)ကီလိုတန်း၊(၇၇)ကီလိုတန်း၊(၈၅)ကီလိုတန်း၊(၉၄)ကီလိုတန်း၊(၁ဝ၅)ကီလိုတန်း၊(+၁ဝ၅)ကီလိုတန်းနှင့်အမျိုးသမီး (၄၈)ကီလိုတန်း၊ (၅၃)ကီလိုတန်း၊ (၅၈)ကီလိုတန်း၊ (၆၃)ကီလိုတန်း၊ (၆၉)ကီလိုတန်း၊ (၇၅)ကီလိုတန်း၊ (၉ဝ)ကီလိုတန်း၊ (+၉ဝ)ကီလိုတန်းပြိုင်ပွဲများကို်အမျိုးသား (၁၃)သင်း၊ အမျိုးသမီး(၈)သင်းတို့မှအားကစားသမား စုစုပေါင်း(၉၂)ဦး ဖြင့် (၅.၉.၂ဝ၁၈)ရက်နေ့မှ(၇.၉.၂ဝ၁၈)ရက်နေ့အထိဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် နေ့စဉ်နံနက်(၉)နာရီအချိန်မှစတင်ပြီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့်အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့်မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A