spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ(၆)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံ၌ ကျင်းပ ပြုလုပ်ရာ အမျိုးသား(၆၉)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းသော်(ကချင်)မှ ပထမ ၊ ဝေဖြိုးအောင်ပိုင် (ရန်ကုန်)မှဒုတိယနှင့် စောသိုက်စိန်(ဧရာဝတီ) မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး(၅၈) ကီလို တန်းပြိုင်ပွဲတွင်   ဆုမြတ်မွန်(ရန်ကုန်)မှ ပထမ ၊ နော်ဆာမူဖောဝါး(ရန်ကုန်)မှ ဒုတိယနှင့် မိုင်မိုးသီတာအေး(နေပြည်တော်)မှ တတိယကိုလည်းကောင်း၊ အမျိုးသား (၇၇)ကီလိုတန်း ပြိုင်ပွဲတွင် ဝေယံဖြိုး(နေပြည်တော်)မှပထမ၊ နိုင်ရွွှေထက်(ဧရာဝတီ)မှ ဒုတိယနှင့် ခွန်မောင်ခင် (ဧရာဝတီ)မှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများကအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။
 
 
 
ညနေပိုင်းပွဲစဉ်တွင် အမျိုးသမီး(၆၃)ကီလိုတန်း အလေးမပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 
 
အဆိုပါအလေးမပြိုင်ပွဲ အမျိုးသား(၈၅)ကီလိုတန်း၊ (၉၄)ကီလိုတန်း၊ (၁ဝ၅)ကီလိုတန်း၊ (+၁ဝ၅)ကီလိုတန်းနှင့် အမျိုးသမီး(၆၉)ကီလိုတန်း၊ (၇၅)ကီလိုတန်း၊ (၉ဝ)ကီလိုတန်း၊ (+၉ဝ)ကီလိုတန်းပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် (၇.၉.၂ဝ၁၈)ရက်နေ့ နံနက် (၇)နာရီအချိန်မှ စတင်ပြီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီး ညနေ(၃)နာရီအချိန်တွင် ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။
 
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95