နေပြည်တော်၊ စက်တင်ဘာလ (၁ဝ) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက်ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်(၇းဝဝ)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်း(၃)တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်း မှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၈)ဂိုး(၂)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန် ဝဏ္ဏသိဒ္ဓိကွင်း(၁)တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း တို့ယှဉ်ပြိုင်ကြရာ တနသင်ာ္ရီတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းကို(၄)ဂိုး(ဝ)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိကွင်း(၁)တွင် နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ နေပြည်တော်အသင်းကို (၄)ဂိုး(၁)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

(၁၁.၉.၂ဝ၁၈)ရက်နေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိကွင်း(၃) တွင် ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိကွင်း(၁)တွင် ရခိုင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိကွင်း(၃)တွင် ကယားပြည်နယ်အသင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအသင်းတို့သည် အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စား သောမိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။