နေပြည်တော်၊ စက်တင်ဘာလ(၁၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲကို ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်း ကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (၃)တွင် ကချင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကချင်ပြည်နယ်အသင်းမှ ကရင်ပြည်နယ်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။
(၁၄.၉.၂ဝ၁၈)ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၁၅.၉.၂ဝ၁၈)ရက်နေ့ ကွာတား ဖိုင်နယ်ပြိုင်ပွဲများကို ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁/၃) ၌ဆက်လက် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့်မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။