နေပြည်တော်၊ စက်တင်ဘာလ(၁၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ပူးပေါင်းတျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲ မိတ်ဆက်လက်ဘက်ရည်ဝိုင်း အခမ်းအနားအား ယနေ့ နေ့လည်(၁)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများတက်ရောက်ကြပါသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် အား မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုမှ အုပ်ချုပ် သူ/ နည်းပြများနှင့်အားကစားများမှ မိတ်ဆက်ဂါရဝပြုကြပါသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်ခြင်းလုံးပြိုင်ပွဲ မိတ်ဆက်လက်ဘက်ရည်ဝိုင်း အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ယခုပြိုင်ပွဲမှသည် လာမည့် (၁၉)ကြိမ် မြောက် အာဆီယံတတ္ကသိုလ်များအားကစားပြိုင်ပွဲနှင့် (၃ဝ)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ရန်အတွက် နည်းပြများ၏ လမ်းညွှန်မှုများကို လိုက်နာကာ ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက်ပြိုင်ပွဲဝင်ဒိုင်လူကြီးများနှင့် အားကစားသမားများအား ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများမှ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အာဟာရမုန့်နှင့် လက်ဘက်ရည်များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်းသတင်းရရှိပါသည်။