spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ (၁၅) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ကွာတားပွဲစဉ်များကို  ညနေ (၃)နာရီ အချိန် ဝဏ္ဏသိဒ္ဓိကွင်း(၁)တွင် ကယားပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ မိနစ်(၉ဝ)အထိ (၃)ဂိုးစီဖြင့် သရေကျခဲ့ပြီး အချိန်ပိုကစားကြရာ(၄)ဂိုးစီဖြင့် ဆက်လက်သရေကျနေသောကြောင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ကယားပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၁ဝ)ဂိုး (၉) ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိကွင်း (၃)တွင် ကရင်ပြည်နယ် အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင်ရာ ကရင်ပြည်နယ်အသင်းမှ စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို (၂)ဂိုး(၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။
 
 
(၁၆.၉.၂ဝ၁၈)ရက်နေ့ ကွာတားပြိုင်ပွဲများအဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိကွင်း(၁)တွင် တနသင်ာ္ရီ တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိကွင်း(၃)တွင် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့သည် အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင် စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%87%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-1