spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ(၁၅)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံး ဝိုင်းဖွဲ့ခတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်၌ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရမှတ်(၂၃၄)မှတ်ဖြင့်လည်းကောင်း၊  မကွေးတိုင်းဒေသကြီးအသင်းမှ ရမှတ်(၁၉၅)မှတ်ဖြင့် လည်းကောင်း၊ ကယားပြည်နယ်အသင်းမှ ရမှတ်(၇၇)မှတ်ဖြင့်လည်းကောင်း၊ရှမ်းပြည်နယ်အသင်းမှ ရမှတ်(၁၁၈)မှတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှရမှတ်(၁၆၁)မှတ်ဖြင့်လည်းကောင်း၊ နေပြည်တော် အသင်းမှ ရမှတ် (၉၁)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှရမှတ် (၁၇၄)မှတ်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ရမှတ်(၁ဝဝ)မှတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ရမှတ်(၁၆၃)မှတ်ဖြင့်လည်းကောင်း အသီးသီးရရှိထားကြောင်းသိရှိရပါသည်။
 
 
အဆိုပါ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲကို (၁၆.၉.၂ဝ၁၈) ရက်နေ့ နံနက်(၉)နာရီအချိန်မှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တွင် အမျိုးသား/အမျိုးသမီးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ညနေ(၃)နာရီအချိန်တွင် အမျိုးသမီး ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသောမိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%9D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2