နေပြည်တော်၊ စက်တင်ဘာလ(၁၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံး ဝိုင်းဖွဲ့ခတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်၌ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ယှဉ်ပြိုင်ကစားကြရာ အမျိုးသားပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းမှ ရမှတ်(၁၂၂)မှတ်၊ ကယားပြည်နယ်အသင်းမှ ရမှတ် (၇၇)မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရမှတ်(၂၅၃)မှတ် ၊ မကွေးတိုင်းဒေသကြီးအသင်းမှ ရမှတ်(၂ဝ၆)မှတ်၊ ဧရာဝတီတိုင်းဒေသကြီး အသင်း မှ ရမှတ်(၁၃၈)မှတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ရမှတ်(၁၁၅)မှတ်၊ တနသင်ာ္ရီတိုင်းဒေသကြီး အသင်းမှ ရမှတ်(၁၅၅)မှတ် ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရမှတ် (၁၅၇)မှတ် ၊ မန္တလေးတိုင်းဒေသကြီး အသင်းမှရမှတ် (၂၉၅)မှတ်၊ နေပြည်တော်အသင်းမှ ရမှတ်(၁၅၃)မှတ် အသီးသီးရရှိခဲ့ပြီး အမျိုးသမီးဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှရမှတ် (၁၇၅)မှတ် ဖြင့် ပထမ၊ ပဲခူးတိုင်းဒေသကြီး အသင်းမှ ရမှတ်(၈၈)မှတ် ဖြင့်ဒုတိယ၊ နေပြည်တော်အသင်းမှ ရမှတ် (၇ဝ)မှတ်ဖြင့် တတိယကိုလည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်းသတင်းရရှိပါသည်။

အဆိုပါ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲကို (၁၆၆၁၆၆၇.၉.၂ဝ၁၈) ရက်နေ့ ဝဏ္ဏသိဒ္ဓိအားကစား ရုံ(B) တွင် အမျိုးသား ဗိုလ်လုပွဲပြိုင်ပွဲများအဖြစ် နံနက်(၉)နာရီအချိန်မှစ၍ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စား သောမိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။