spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ခြင်းလုံးပြိုင်ပွဲတွင်အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားအား မန္တလေးတိုင်းဒေသကြီး အသင်းမှဆွတ်ခူးရရှိ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ခြင်းလုံးပြိုင်ပွဲတွင်အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားအား မန္တလေးတိုင်းဒေသကြီး အသင်းမှဆွတ်ခူးရရှိ

 
နေပြည်တော်၊ စက်တင်ဘာ(၁၇)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပသော၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခြင်းလုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B) တွင်ကျင်းပပြုလုပ်ရာ အမျိုးသားဗိုလ်လုပွဲများအဖြစ် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြပါသည်။
 
 
 
အဆိုပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာတွင် အမျိုးသမီးတက်သစ်စ အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၁) သင်းသဇင်စိုး(ပဲခူး)နှင့် အမျိုးသားတက်သစ်စ အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၆) ပိုင်မင်းခန့် (စစ်ကိုင်း)တို့အား  မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဌေးအောင်ကျော် မှလည်းကောင်း၊ အမျိုးသမီး အကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၁) မေဖြိုးစံ(မန္တလေး)နှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၁)မြတ်လင်းကို (ရန်ကုန်) တို့အား အမျိုးသားလွှတ်တော်ကျန်းမာရေး၊ အားကစား နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်ငွေ မှလည်းကောင်း၊ အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသွားသော နေပြည်တော်အသင်း နှင့် အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် တတိယဆုရရှိသွားသော မကွေးတိုင်းဒေသကြီးအသင်းတို့အား  အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစား နှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးမြင့်နိုင် မှလည်းကောင်း၊ အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် ဒုတိယဆု ရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းနှင့် အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း တို့အား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ အဖွဲ့ဝင် ဦးမိုင်းအုဏ်းခိုင် မှလည်းကောင်း၊ အမျိုးသမီး(၄)ပေါက်တန်းပြိုင်ပွဲတွင် တံခွန်စိုက်ဆု ဖလားရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး မှလည်းကောင်း၊ အမျိုးသား(၆)ပေါက်တန်း ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှလည်းကောင်း၊ စုပေါင်း တံခွန်စိုက်ဆုဖလားရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့််အားကစားဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%96%E1%80%9C%E1%80%AC%E1%80%B8%E1%81%8A