spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကျင်းပ

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ (၁၈) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ်အသင်းမှ ကယားပြည်နယ်အသင်းကို (၃)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၃)နာရီ အချိန် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ တနသင်ာ္ရီတိုင်းဒေသကြီးအသင်း မှ ကချင်ပြည်နယ်အသင်းကို (၂)ဂိုး (၁) ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိသွားကြောင်း သတင်းရရှိပါသည်။
 
 
(၁၉.၉.၂ဝ၁၈) ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၂ဝ.၉.၂ဝ၁၈)ရက်နေ့ နံနက်(၇)နာရီအချိန် တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တတိယလုပွဲကို ကယားပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း သည်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဗိုလ်လုပွဲကို တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းသည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%87%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2