spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနား

(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနား

မလေးရှားနိုင်ငံတွင် (၁၉.၈.၁၇)ရက်နေ့မှ(၃၀.၈.၁၇) ရက်နေ့အထိ ကျင်းပပြုလုပ် မည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်   မည့် မြန်မာအားကစားအဖွဲ့များအားဒုတိယသမ္မတမှလမ်းညွှန်အမှာစကားပြောကြားခြင်းနှင့်အောင်နိုင်ရေးအလံအပ်နှင်းပွဲအခမ်အနားကိုသြဂုတ်လ(၄) ရက်နေ့နံနက် (၉) နာရီတွင်ဝဏ္ဏသိဒ္ဓိ အားကစာရုံ(B)၌ကျင်းပပြုလုပ်သည်။အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က လမ်းညွှန်အမှာစကား ပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ အပ်နှင်းသည်။ ထို့နောက်မြန်မာ့အားကစားအဖွဲ့များအတွက် အလှူရှင်များမှ အလှူငွေများပေးအပ်ရာ ဒုတိယသမ္မတနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ အခမ်းအနားအပြီး အားကစားပြိုင်ပွဲများတွင် မြန်မာအားကစား သမားများ အသုံးပြုမည့် ပြိုင်ပွဲသုံး အားကစားအထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြ သထားမှုအား ဒုတိယသမ္မတမှ လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့ ကြောင်းသတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/node/6