spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၅)ကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် မြန်မာဗိုဗီနမ်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

(၅)ကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် မြန်မာဗိုဗီနမ်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ(၁၇)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အာရှဗိုဗီနမ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၅)ကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော မြန်မာဗိုဗီနမ်အသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားအား ယမန်နေ့ည (၆)နာရီခွဲအချိန်၌ နေပြည်တော် Park Royal Hotel တွင် ကျင်းပပြုလုပ်ရာ  မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ နာယက ဦးမြသိန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် ဆုရအားကစားသမား များနှင့် အုပ်ချုပ်သူ/နည်းပြဆရာများအား ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
 
ယင်းနောက် ဗိုဗီနမ်အဖွဲ့ချုပ် နာယကမှ ဗိုဗီနမ်အားကစားနည်းအကြောင်း၊  ဖွဲ့စည်းခဲ့ရသည့် ရည်ရွယ်ချက်များအကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိအောင် စွမ်းဆောင်ခဲ့ကြသော နည်းပြ/ အုပ်ချုပ်သူနှင့် အားကစားသမားများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။
 
 
 
ဆက်လက်ပြီး အောင်ပွဲရအားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ ဆုရအားကစားသမားများကိုယ်စား ဗိုဗီနမ်အားကစားနည်းမှ အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းကာ Dinner  ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
 
အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် ရွှေတံဆိပ်ဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုဆု(၃)သိန်း၊ ငွေတံဆိပ်ဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုဆု(၂)သိန်း၊ ကြေးတံဆိပ်ဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုဆု(၁)သိန်း၊ ဆုရအောင် စွမ်းဆောင်ပေးသော အုပ်ချုပ်သူအား ဂုဏ်ပြုဆု (၁)သိန်း၊ ဆုရအောင် စွမ်းဆောင်ပေးသော နည်းပြအား ဂုဏ်ပြုဆု (၃)သိန်း ဖြင့် စုစုပေါင်း ချီးမြှင့်ငွေ ကျပ်(၁၄ဝ)သိန်းချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%85%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%97%E1%80%AD%E1%80%AF%E1%80%97%E1%80%AE%E1%80%94%E1%80%99%E1%80%BA%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%9B%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7