spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ မိတ်ဆက်လက်ဘက်ရည်ဝိုင်း အခမ်းအနားကျင်းပ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ မိတ်ဆက်လက်ဘက်ရည်ဝိုင်း အခမ်းအနားကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ (၁၉) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ  မိတ်ဆက်လက်ဘက်ရည်ဝိုင်း အခမ်းအနားအား ယနေ့ နေ့လည်(၁)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Medal Hall တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ဒုတိယဝန်ကြီးအား မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ ဒိုင်လူကြီးများ၊ တိုင်းနှင့်ပြည်နယ် (၁၅)ခု မှ အုပ်ချုပ်သူ/နည်းပြများမှ မိတ်ဆက်ဂါရဝပြုကြပါသည်။
 
 
 
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ မိတ်ဆက်လက်ဘက်ရည်ဝိုင်းအခမ်းအနားတွင် ဒုတိယဝန်ကြီးမှ ယခုလို တွေ့ဆုံရခြင်းမှာ ပြိုင်ပွဲတွင်လာရောက်ယှဉ်ပြိုင်ကြသော  တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးမှ တိုင်းရင်းသားညီအကိုမောင်နှမများအား ချစ်ကြည်ရင်းနှီးမှုရရှိစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရရန်အတွက် ကြိုးစားယှဉ်ပြိုင်စေလိုကြောင်း၊ ယခုပြိုင်ပွဲများမှ တဆင့် ထူးချွန် ထက်မြက်သော မျိုုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ နည်းပြများမှလည်း အားကစားနည်းစနစ်များနှင့် အားကစားသမားများ၏ လိုအပ်ချက်များကို နားလည်သိရှိပြီး ယခုထက်ပိုမိုတိုးတက်စေရန် လေ့လာသင်ကြားပေးစေလိုကြောင်း၊ ယနေ့ခေတ်သည် အင်တာနက်ခေတ်ဖြစ်ပါသဖြင့် မိမိတို့သိလိုသည့် အားကစားနည်းဆိုင်ရာများကို အလွယ်တကူရှာ၍ရနေပြီ ဖြစ်ပါသောကြောင့် အားလပ်ချိန်များတွင် မိမိတို့၏အားကစားနည်း  ဖွံ့ဖြိုးတိုးတက်ရန်အတွက် လေ့လာ ရှာဖွေ၍ ရနိုင်ပါကြောင်း၊ အားကစားသမားအချင်းချင်း အားကစားစိတ်ဓါတ် အပြည့်အဝဖြင့်် ကြိုးစား ယှဉ်ပြိုင်စေလိုကြောင်း မှာကြားခဲ့ပါသည်။ 
 
ဆက်လက်ပြီး ပြိုင်ပွဲဝင်ဒိုင်လူကြီးများ/နည်းပြများနှင့် အားကစားသမားများအား  ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အာဟာရမုန့်နှင့် လက်ဘက်ရည်များအား ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%99%E1%80%AD%E1%80%90%E1%80%BA%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%98%E1%80%80%E1%80%BA%E1%80%9B%E1%80%8A%E1%80%BA%E1%80%9D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95