spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် အလေးမနည်းပြသင်တန်း(အဆင့်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၂ဝ၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် အလေးမနည်းပြသင်တန်း(အဆင့်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ (၂ဝ) ရက်။ 
 
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် အလေးမနည်းပြသင်တန်း(အဆင့်-၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်၊ အပြည်ပြည်ဆိုင်ရာ အလေးမ အဖွဲ့ချုပ်မှ တာဝန်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ Hungary  နိုင်ငံမှ Mr.Tamas Feher၊ မြန်မာနိုင်ငံ အိုလံကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ်ဥက္ကဌနှင့်တာဝန်ရှိသူများ၊ သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာ့အားကစားအဆင့်အတန်းကို အရှေ့တောင်အာရှ နိုင်ငံများ အလယ်တွင် ပြန်လည် အနိုင်ရရှိအောင် ကြိုးစားရမှာဖြစ်ပြီး ထိုမှတဆင့် အာရှအားကစားပြိုင်ပွဲများ၊ အာရှအဆင့်အားကစားပြိုင်ပွဲများအထိ အောင်မြင်မှုများရရှိအောင် ဆင့်ကဲဆင့်ကဲ ကြိုးစားရမှာ ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချမည့် အားကစားဆိုင်ရာ သင်ခန်းစာများကို မိမိတို့တွင်ရှိသော အတွေ့ အကြုံကောင်းများနှင့် ပေါင်းစပ်အသုံးချပြီး မိမိနိုင်ငံ၏ အမျိုးသားအားကစားအဆင့်အတန်းတိုးတက် မြင့်မားအောင်နှင့် မျိုးဆက်သစ်ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများပေါ်ထွက်အောင် ပြုစုပျိုးထောင်ပေးပြီး အရည်အသွေး ပြည့်ဝသော နည်းပြများ ဖြစ်အောင်ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
 
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သူ၊ နည်းစနစ် ကျွမ်းကျင်သူ Hungary  နိုင်ငံမှ Mr.Tamas Feher  က ယခုသင်တန်းတွင်မိမိအား မိသားစုသဖွယ် သဘောထားကာ လိုအပ်သည်များကို ဆွေးနွေးတိုင်ပင်ခြင်းဖြင့် အလေးမအားကစားနည်း တိုးတက်အောင် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
 
အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၃ဝ)ဦးဖြင့် (၂ဝ.၉.၂ဝ၁၈)ရက်နေ့မှ (၂၆.၉.၂ဝ၁၈)ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE-%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%8A%E1%80%AE%E1%80%8A%E1%80%BD%E1%80%90%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%85%E1%80%AE%E1%80%A1%E1%80%85%E1%80%89%E1%80%BA%E1%80%A1%E1%80%9B-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7