spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကမ်ပိုအားကစားနည်း နည်းပြသင်တန်းဆင်းပွဲကျင်းပ

ကမ်ပိုအားကစားနည်း နည်းပြသင်တန်းဆင်းပွဲကျင်းပ

 
ရန်ကုန်၊စက်တင်ဘာလ(၂ဝ)ရက်။
 
ကမ်ပိုအားကစားနည်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ အခြေခံပညာကျောင်းများ အပါအဝင် လူငယ်/လူရွယ်များ လေ့ကျင့်လိုက်စားခြင်းနှင့် ကမ်ပိုအားကစားနည်းကို ကိုယ်ခံပညာတစ်ခုအနေဖြင့် ကစားစေခြင်းဖြင့် ဖြစ်ပေါ်လာမည့်အန္တရာယ်ကို လွယ်လင့်တကူတုံ့ပြန်ကာကွယ်နိုင်စွမ်းရှိခြင်းတို့အပြင် နိုင်ငံတကာပြိုင်ပွဲများ အထိထိုးဖောက်ယှဉ်ပြိုင်နိုင်ခြင်းတို့အတွက် ရည်ရွယ်၍ စက်တင်ဘာလ (၉)ရက်နေ့မှ (၁၉)ရက်နေ့အထိကျင်းပပြုလုပ်ပေးခဲ့သော ကမ်ပိုအားကစားနည်းပြမွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၄)နာရီကရန်ကုန်မြို့ကျိုက္ကဆံကွင်း၊ ကွမ်ပိုအားကစားလေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
 
အစီအစဉ်အရ ကမ်ပိုအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးကျော်မိုးနိုင်မှသင်တန်းဆင်း အမှာစကားပြောကြားပြီး ကမ္ဘာ့ကမ်ပိုအဖွဲ့ချုပ် (WSKO) မှာတာဝန်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ ဂျပန်နိုင်ငံသား Mr.MORINAGA က နှုတ်ခွန်းဆက်ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက်၊ ကမ်ပိုနည်းပြမွမ်းမံသင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများက ကမ်ပိုအားကစားတိုက်ကွက်များဖြင့် သရုပ်ပြသကြသည်။
 
 
 
ဆက်လက်ပြီး သင်တန်းဆင်းအောင်လက်မှတ်များကို ချီးမြှင့်ရာရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ်ဥက္ကဌ ဦးကျော်မိုးနိုင်တို့က သင်တန်းသား/သင်တန်းသူ တစ်ဦးချင်းထံသို့ အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။
 
ဆက်လက်ပြီး ကမ္ဘာ့ကမ်ပိုအဖွဲ့ချုပ် အာဆီယံနည်းပြချုပ် မစ္စတာဖူချီတာ မှ သင်တန်းတွင် အဆင့်မြင့်ထူးချွန်စွာအောင်မြင်သူ သင်တန်းသားများအား အထူး အောင်လက်မှတ်များချီးမြှင့်ပေးပြီး မစ္စတာဖူချီတာမှသင်တန်းလက်ခံဖွင့်လှစ်ပေးနိုင်သည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%99%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8-%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95