
နေပြည်တော်၊ စက်တင်ဘာလ (၂၁) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲကို ယနေ့နေ့လည် (၂)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်ရာ ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသမီး(၅၁)ကီလိုတန်းတွင် အေးငြိမ်းထူး(တနင်္သာရီ)နှင့် ခင်နွဲ့ထွန်း(ရခိုင်) တို့ယှဉ်ပြိုင်ရာ အေးငြိမ်းထူး(တနင်္သာရီ)မှလည်းကောင်း၊ အမျိုးသမီး (၆ဝ)ကီလိုတန်း တွင် နှင်းဝေလွင် (ရန်ကုန်) နှင့် စီစီဌေး (ဧရာဝတီ) တို့ယှဉ်ပြိုင်ရာ နှင်းဝေလွင်(ရန်ကုန်)မှလည်းကောင်း၊ အေဗွေဟွမ်(ရှမ်း)နှင့် သိမ့်သိမ့်သူ(မန္တလေး)တို့ ယှဉ်ပြိုင်ရာ အေဗွေဟွမ်(ရှမ်း)မှ လည်းကောင်း၊ အမျိုးသား(၅၆)ကီလိုတန်း တွင် ညီညီထွန်းနိုင် (စစ်ကိုင်း) နှင့် ဝေယံစိုး(တနင်္သာရီ)တို့ယှဉ်ပြိုင်ရာ ညီညီထွန်းနိုင်(စစ်ကိုင်း)မှလည်းကောင်း၊ ရဲသီဟ(ရန်ကုန်)နှင့် ဝေယံစိုး(ဧရာဝတီ)တို့ယှဉ်ပြိုင်ရာ ရဲသီဟ(ရန်ကုန်)မှလည်းကောင်း၊ သိန်းစံဦး(မွန်)နှင့် ဖြိုးမင်းဆွေ (မန္တလေး) တို့ယှဉ်ပြိုင်ရာ သိန်းစံဦး(မွန်) မှ လည်းကောင်း၊ အမျိုးသား(၆ဝ)ကီလိုတန်း တွင် မင်းနိုင်ကျော်ဇော(ရန်ကုန်)နှင့် နေလင်းထွန်း(မကွေး) တို့ယှဉ်ပြိုင်ရာ မင်းနိုင်ကျော်ဇော(ရန်ကုန်) မှ လည်းကောင်း၊ ဖြိုးကျော်(ပဲခူး)နှင့် ထွန်းထွန်းဦး(နေပြည်တော်) တို့ယှဉ်ပြိုင်ရာ ဖြိုးကျော်(ပဲခူး) မှ လည်းကောင်း၊ အမျိုးသား(၆၉)ကီလိုတန်း တွင်ကျော်ခိုင်ထွန်း(မွန်)နှင့် မြတ်မင်းကို(ဧရာဝတီ) တို့ယှဉ်ပြိုင်ရာ ကျော်ခိုင်ထွန်း (မွန်) မှလည်းကောင်း၊ အမျိုးသား(၇၅)ကီလိုတန်း တွင် ကျော်ရဲထူး(ပဲခူး)နှင့် အေးဝင်း(ရခိုင်) တို့ယှဉ်ပြိုင်ရာ ကျော်ရဲထူး (ပဲခူး)မှလည်းကောင်း၊ ရဲဝင်းအောင်(တနင်္သာရီ)နှင့် ကံကောင်း(မွန်)တို့ယှဉ်ပြိုင်ရာ ရဲဝင်းအောင် (တနင်္သာရီ)မှ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်(အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲကို (၂ဝ.၉.၂ဝ၁၈) ရက်နေ့မှ (၂၈.၉.၂ဝ၁၈) ရက်နေ့ အထိ နေ့စဉ် နေ့လည်(၂)နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။