နေပြည်တော်၊ စက်တင်ဘာလ (၂၂) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ နေ့လည် (၂)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲများအဖြစ် အမျိုးသမီး(၄၅)ကီလိုတန်းတွင် ထန်နွမ်းကိမ်း(ချင်း)နှင့် နော်သောနေထူး(ကရင်) တို့ယှဉ်ပြိုင်ရာ ထန်နွမ်းကိမ်း(ချင်း)မှလည်းကောင်း၊ အမျိုးသမီး (၅၄)ကီလိုတန်း တွင် ဗျားမြာ(ကယား)နှင့် ငြိမ်းအေးကိုကို (ရန်ကုန်) တို့ယှဉ်ပြိုင်ရာ ဗျားမြာ(ကယား)မှလည်းကောင်း၊ အမျိုးသား(၄၆)ကီလိုတန်း တွင် ရဲသူရအောင်(စစ်ကိုင်း) နှင့် ဇော်ညီညီအောင်(ရန်ကုန်)တို့ယှဉ်ပြိုင်ရာ ရဲသူရအောင်(စစ်ကိုင်း)မှလည်းကောင်း၊ ဆက်နိုင် (နေပြည်တော်)နှင့် အောင်မိုးကျော် (မန္တလေး) တို့ ယှဉ်ပြိုင်ရာ ဆက်နိုင် (နေပြည်တော်) မှ လည်းကောင်း၊ တင်အောင်လင်း(ကချင်) နှင့် ချမ်းသာဦး (ပဲခူး) တို့ ယှဉ်ပြိုင်ရာ တင်အောင်လင်း(ကချင်) မှလည်းကောင်း၊ အမျိုးသား(၅၂)ကီလိုတန်း တွင် သူရ(ရန်ကုန်)နှင့် အောင်အောင်(ရခိုင်) တို့ယှဉ်ပြိုင်ရာ သူရ(ရန်ကုန်)မှ လည်းကောင်း၊ စောမောင်ချဲ (ကရင်)နှင့် မျိုးချစ်အောင်(မကွေး) တို့ယှဉ်ပြိုင်ရာ စောမောင်ချဲ (ကရင်) မှ လည်းကောင်း၊ နေလင်းစိုး(မွန်) နှင့် ရူဗင်ဘွဲ့ထောင်းလျှန် (ကချင်) တို့ယှဉ်ပြိုင်ရာ နေလင်းစိုး(မွန်) မှလည်းကောင်း၊ ချစ်စန်းမောင် (တနင်္သာရီ)နှင့် ဇော်ဇော်အောင် (ပဲခူး) တို့ ယှဉ်ပြိုင်ရာတွင် ချစ်စန်းမောင် (တနင်္သာရီရီ)မှ လည်းကောင်း၊ အမျိုးသား(၆၄)ကီလိုတန်း သီဟဇော်(စစ်ကိုင်း) နှင့် ရဲဝင့်ရှင်း (ဧရာဝတီ) တို့ယှဉ်ပြိုင်ရာ သီဟဇော်(စစ်ကိုင်း)မှလည်းကောင်း၊ နိုင်နိုင်လင်း (တနင်္သာရီ)နှင့် နေလင်းနိုင် (ပဲခူး) တို့ ယှဉ်ပြိုင်ရာတွင် နိုင်နိုင်လင်း (တနင်္သာရီ)မှ လည်းကောင်းအသီးသီး အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများဆက်လက် ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်(အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲကို (၂ဝ.၉.၂ဝ၁၈) ရက်နေ့မှ (၂၈.၉.၂ဝ၁၈) ရက်နေ့ အထိ နေ့စဉ် နေ့လည်(၂)နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။