spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် (၄၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ် (၄၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ (၂၃) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ နေ့လည် (၂)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲများအဖြစ် အမျိုးသမီး(၅၁)ကီလိုတန်းတွင် နန်းလှလှထွေး(ကရင်) နှင့် နန်းမိုးဦး (ဧရာဝတီ) တို့ယှဉ်ပြိုင်ရာ နန်းလှလှထွေး(ကရင်) မှ လည်းကောင်း၊ အေးငြိမ်းထူး (တနင်္သာရီ)နှင့် ထွန်းအိအိခိုင်(ရှမ်း) တို့ယှဉ်ပြိုင်ရာ  အေးငြိမ်းထူး (တနင်္သာရီ) မှ လည်းကောင်း၊ အမျိုးသား(၅၆)ကီလိုတန်း တွင် ထွန်းလူရွှေ (ပဲခူး) နှင့် ကျော်နိုင်အေး(ကချင်) တို့ယှဉ်ပြိုင်ရာ ထွန်းလူရွှေ (ပဲခူး) လည်းကောင်း၊ လင်းသူအောင်(ရခိုင်)နှင့် ရှိုင်းငယ်(ရှမ်း) တို့ယှဉ်ပြိုင်ရာ လင်းသူအောင်(ရခိုင်)မှလည်းကောင်း၊ စောနက္ခတ်အောင်(ကရင်)နှင့် ညီညီထွန်းနိုင်(စစ်ကိုင်း) တို့ယှဉ်ပြိုင်ရာ စောနက္ခတ်အောင်(ကရင်) မှ လည်းကောင်း၊ ရဲသီဟ(ရန်ကုန်)နှင့် သိန်းဇံဦး(မွန်)တို့ယှဉ်ပြိုင်ရာ ရဲသီဟ(ရန်ကုန်) မှ လည်းကောင်း၊  အမျိုးသား(၆ဝ)ကီလိုတန်း တွင် တွယ်တာ(တနင်္သာရီ) နှင့် ငြိမ်းပြည့်စုံ (ဧရာဝတီ)  တို့ယှဉ်ပြိုင်ရာ တွယ်တာ(တနင်္သာရီ) မှ လည်းကောင်း၊ စောမြမိုး (ကရင်)နှင့် လိန်းအွမ်(ချင်း) တို့ယှဉ်ပြိုင်ရာ စောမြမိုး (ကရင်)မှ လည်းကောင်း၊ မင်းနိုင်ကျော်ဇော(ရန်ကုန်) နှင့် ဆန်းထိုက်အောင်(ရှမ်း) တို့ယှဉ်ပြိုင်ရာ မင်းနိုင်ကျော်ဇော(ရန်ကုန်) မှလည်းကောင်း၊ ဖြိုးကျော်(ပဲခူး)နှင့် သန်းတိုးအောင်(စစ်ကိုင်း)တို့ ယှဉ်ပြိုင်ရာတွင် ဖြိုးကျော်(ပဲခူး)မှ လည်းကောင်း၊ အမျိုးသား(၆၉)ကီလိုတန်းတွင် စောကျော်ပေ့လေး(ကရင်) နှင့် မင်းမင်းထွန်း(ရခိုင်) တို့ယှဉ်ပြိုင်ရာ  စောကျော်ပေ့လေး(ကရင်)မှ လည်းကောင်း၊ ထွန်းလှ(ရန်ကုန်)နှင့် အောင်မျိုးသင်း( တနင်္သာရီ) တို့ယှဉ်ပြိုင်ရာ ထွန်းလှ(ရန်ကုန်)မှလည်းကောင်း၊ သက်ဖြိုးဦး (ပဲခူး) နှင့် သက်လွင်အောင်(ရှမ်း) တို့ ယှဉ်ပြိုင်ရာတွင် သက်ဖြိုးဦး (ပဲခူး) မှ လည်းကောင်း၊ ကျော်ခိုင်ထွန်း(မွန်)နှင့် ထက်ဝေယံ(မန္တလေး) တို့ ယှဉ်ပြိုင်ရာ ကျော်ခိုင်ထွန်း(မွန်) မှ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ်(အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲကို  (၂ဝ.၉.၂ဝ၁၈) ရက်နေ့မှ (၂၈.၉.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ် နေ့လည်(၂)နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%81%84%E1%81%86%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-1