spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် (၄၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ် (၄၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ (၂၄) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ နေ့လည် (၂)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲများအဖြစ် အမျိုးသမီး(၅၇)ကီလိုတန်းတွင် စိန်မြ(ရှမ်း)နှင့် နန်ဂျီးပန်(ကချင်) တို့ယှဉ်ပြိုင်ရာ စိန်မြ(ရှမ်း) မှလည်းကောင်း၊ မေသဇင်ထူး(ကယား)နှင့် နွေဦးခိုင်(စစ်ကိုင်း) တို့ယှဉ်ပြိုင်ရာ  မေသဇင်ထူး (ကယား) မှလည်းကောင်း၊ အမျိုးသမီး(၆ဝ)ကီလိုတန်းတွင် သိင်္ဂီငြိမ်း (တနင်္သာရီ) နှင့် ဂျူးစဖင်း (ကယား) တို့ယှဉ်ပြိုင်ရာ သိင်္ဂီငြိမ်း (တနင်္သာရီ) မှလည်းကောင်း၊ အေမွေဟွမ်(ရှမ်း) နှင့် နှင်းဝေလွင်(ရန်ကုန်)တို့ ယှဉ်ပြိုင်ရာတွင် အေမွေဟွမ်(ရှမ်း) မှ လည်းကောင်း၊  အမျိုးသား(၄၉)ကီလိုတန်းတွင် ကျော်လှမောင် (ရှမ်း) နှင့် စိုးတင့်ဦး (မွန်) တို့ယှဉ်ပြိုင်ရာ ကျော်လှမောင် (ရှမ်း) လည်းကောင်း၊ မင်းမော်ဦး(ကချင်)နှင့် ဇော််သူရ(နေပြည်တော်) တို့ ယှဉ်ပြိုင်ရာ မင်းမော်ဦး(ကချင်)မှလည်းကောင်း၊ အောင်သူဟိန်း(ပဲခူး)နှင့် ဖြိုးဝေထွန်း(တနင်္သာရီ) တို့ ယှဉ်ပြိုင်ရာ အောင်သူဟိန်း(ပဲခူး) မှ လည်းကောင်း၊ ရန်မျိုးအောင်(ရန်ကုန်)နှင့် အေးကိုဇင်(ကရင်) တို့ယှဉ်ပြိုင်ရာ ရန်မျိုးအောင် (ရန်ကုန်) မှလည်းကောင်း၊  အမျိုးသား(၅၂)ကီလိုတန်း တွင် သူရ (ရန်ကုန်)နှင့် စောမောင်ချဲ (ကရင်)  တို့ယှဉ်ပြိုင်ရာ သူရ(ရန်ကုန်)မှ လည်းကောင်း၊ ချစ်စန်းမောင် (တနင်္သာရီ)နှင့် နေလင်းစိုး (မွန်) တို့ ယှဉ်ပြိုင်ရာ ချစ်စန်းမောင် (တနင်္သာရီ)မှ လည်းကောင်း၊ အမျိုးသား(၆၄)ကီလိုတန်းတွင် သီဟဇော်(စစ်ကိုင်း) နှင့် နိုင်နိုင်လင်း(တနင်္သာရီ) တို့ ယှဉ်ပြိုင်ရာ  သီဟဇော်(စစ်ကိုင်း)မှ လည်းကောင်း၊ ဟန်သော်ဇင်(မန္တလေး)နှင့် စောဇော်သန်း( ကရင်) တို့ယှဉ်ပြိုင်ရာ ဟန်သော်ဇင်(မန္တလေး) မှလည်းကောင်း၊ အမျိုးသား(၇၅)ကီလိုတန်းတွင် အောင်ချမ်းဦး (ရန်ကုန်) နှင့် ဇွဲရဲနိုင်(မန္တလေး) တို့ယှဉ်ပြိုင်ရာတွင် အောင်ချမ်းဦး (ရန်ကုန်)မှ လည်းကောင်း၊ ရဲဝင်းအောင်(တနင်္သာရီ)နှင့် ကျော်ရဲထူး(ပဲခူး)တို့ ယှဉ်ပြိုင်ရာ ရဲဝင်းအောင်(တနင်္သာရီ) မှ လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲကို  (၂ဝ.၉.၂ဝ၁၈) ရက်နေ့မှ (၂၈.၉.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ် နေ့လည်(၂)နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%81%84%E1%81%86%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-2