spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ(၂၅)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ယနေ့ နံနက်(၉) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဗဟိုဘဏ်အသင်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ဗဟိုဘဏ်အသင်း မှ (၂၅-၁ဝ) (၂၅-၂၁) (၂၅-၁၆) (၃) ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၄) (၂၅-၂၁) (၂၅-၂၃) (၃) ပွဲပြတ်ဖြင့်လည်းကောင်း၊  အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်း နှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၂၅-၈) (၂၅-၁၈) (၂၅-၁၅) (၃) ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်း တို့ယှဉ်ပြိုင်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၃) (၂၅-၁၇) (၂၅-၈) (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
 
 
(၂၆.၉.၂ဝ၁၈)ရက်နေ့ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌  အမျိုးသားပွဲစဉ်များအဖြစ် နံနက်(၉)နာရီအချိန်တွင် ဗဟိုဘဏ်အသင်းနှင့် အမျိုးသားလွှတ်တော်အသင်း တို့ သည်လည်းကောင်း၊ နံနက်(၁ဝ) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ သည်လည်းကောင်း၊ နံနက်(၁၁) နာရီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း တို့သည်လည်းကောင်း၊ နေ့လည် (၁၂)နာရီ အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်း နှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့သည် လည်းကောင်း၊ အမျိုးသမီး ပွဲစဉ်များအဖြစ် နေ့လည် (၁)နာရီ အချိန်တွင် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်း တို့သည်လည်းကောင်း၊ နေ့လည် (၂)နာရီအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့သည် လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။ 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-2