spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် (၄၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ် (၄၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ (၂၅) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ နေ့လည် (၂)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
 
ပြိုင်ပွဲများအဖြစ် အမျိုးသမီး(၄၈)ကီလိုတန်းတွင် ယဉ်ယဉ်အောင်(စစ်ကိုင်း)နှင့် သင်းသင်းခိုင် (မကွေး) တို့ယှဉ်ပြိုင်ရာ ယဉ်ယဉ်အောင်(စစ်ကိုင်း) မှ လည်းကောင်း၊ မြမိုးသူ (ရန်ကုန်)နှင့် ပြည့်ဖြိုးဝေ(တနသင်ာ္ရီ) တို့ယှဉ်ပြိုင်ရာ  မြမိုးသူ (ရန်ကုန်) မှ လည်းကောင်း၊ အမျိုးသား(၄၆)ကီလိုတန်းတွင် ရဲသူရအောင် (စစ်ကိုင်း) နှင့် ဇော်မင်းသိန်း(ရခိုင်) တို့ယှဉ်ပြိုင်ရာ ရဲသူရအောင် (စစ်ကိုင်း) မှ လည်းကောင်း၊ တင်အောင်လင်း(ကချင်) နှင့် ဆက်နိုင် (နေပြည်တော်) တို့ ယှဉ်ပြိုင်ရာတွင် တင်အောင်လင်း(ကချင်) မှ လည်းကောင်း၊ အမျိုးသား (၄၉) ကီလိုတန်းတွင် ကျော်လှမောင် (ရှမ်း) နှင့် မင်းမော်ဦး (ကချင်) တို့ယှဉ်ပြိုင်ရာ ကျော်လှမောင် (ရှမ်း) လည်းကောင်း၊ အောင်သူဟိန်း(ပဲခူး)နှင့် ရန်မျိုးအောင်(ရန်ကုန်)တို့ ယှဉ်ပြိုင်ရာ အောင်သူဟိန်း(ပဲခူး) မှ လည်းကောင်း ၊ အမျိုးသား(၅၆)ကီလိုတန်းတွင် ထွန်းလူရွှေ (ပဲခူး)နှင့် လင်းသူအောင်(ရခိုင်) တို့ ယှဉ်ပြိုင်ရာ ထွန်းလူရွှေ (ပဲခူး) မှ လည်းကောင်း၊ ရဲသီဟ(ရန်ကုန်)နှင့် စောနက္ခအောင်(ကရင်)တို့ယှဉ်ပြိုင်ရာ ရဲသီဟ (ရန်ကုန်) မှ လည်းကောင်း၊  အမျိုးသား(၆ဝ)ကီလိုတန်းတွင် တွယ်တာ(တနသင်ာ္ရီ)နှင့် စောမြမိုး (ကရင်)  တို့ယှဉ်ပြိုင်ရာ တွယ်တာ(တနင်္သာရီ) မှ လည်းကောင်း၊ မင်းနိုင်ကျော်ဇော (ရန်ကုန်)နှင့် ဖြိုးကျော် (ပဲခူး) တို့ ယှဉ်ပြိုင်ရာ မင်းနိုင်ကျော်ဇော (ရန်ကုန်) မှ လည်းကောင်း၊ အမျိုးသား(၆၉)ကီလိုတန်းတွင် ထွန်းလှ(ရန်ကုန်) နှင့် စောကျော်ပေ့လေ့ (ကရင်) တို့ယှဉ်ပြိုင်ရာ  ထွန်းလှ(ရန်ကုန်) မှ လည်းကောင်း၊ ကျော်ခိုင်ထွန်း (မွန်)နှင့် သက်ဖြိုးဦး (ပဲခူး) တို့ယှဉ်ပြိုင်ရာ ကျော်ခိုင်ထွန်း (မွန်) မှ လည်းကောင်း၊ အမျိုးသား(၈၁)ကီလိုတန်းတွင် ထက်အာကာနိုင် (ရန်ကုန်) နှင့် အောင်မျိုးကျော်(စစ်ကိုင်း) တို့ယှဉ်ပြိုင်ရာတွင် ထက်အာကာနိုင် (ရန်ကုန်) မှ လည်းကောင်း၊ မင်းမင်းစိုး (တနင်္သာရီ)နှင့် စိုးဦး(ရှမ်း)တို့ ယှဉ်ပြိုင်ရာ မင်းမင်းစိုး (တနင်္သာရီ) မှလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
 
(၂၆.၉.၂ဝ၁၈) ရက်နေ့တွင်ပြိုင်ပွဲများ နားမည်ဖြစ်ပြီး  (၂၇.၉.၂ဝ၁၈) ရက်နေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၄၅)ကီလို၊ (၄၈)ကီလို၊ (၅၄)ကီလို၊ (၆ဝ)ကီလိုတန်းများ ၊ အမျိုးသား ပွဲစဉ်များအဖြစ် (၄၆)ကီလို၊ (၅၂)ကီလို ၊(၅၆)ကီလို၊ (၆ဝ)ကီလို၊ (၆၉)ကီလို၊ (၇၅)ကီလိုနှင့် (၈၁)ကီလိုတန်းများကို နေ့လည်(၂)နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%81%84%E1%81%86%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-3