spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > MPT Myanmar National League (2018) U-21 နှင့်U -20 ဘောလုံးပြိုင်ပွဲတွင်အောင်ပွဲရရှိခဲ့သော အားကစားနှင့်ကာယပညာသိပ္ပံ(က)အသင်းနှင့် (ခ)အသင်း တို့မှ ဆုဖလားအပ်နှံပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

MPT Myanmar National League (2018) U-21 နှင့်U -20 ဘောလုံးပြိုင်ပွဲတွင်အောင်ပွဲရရှိခဲ့သော အားကစားနှင့်ကာယပညာသိပ္ပံ(က)အသင်းနှင့် (ခ)အသင်း တို့မှ ဆုဖလားအပ်နှံပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာ(၂၅)ရက်။
 
MPT Myanmar National League (2018) U-21 နှင့်U -20 ဘောလုံးပြိုင်ပွဲတွင်အောင်ပွဲရရှိခဲ့သော အားကစားနှင့်ကာယပညာသိပ္ပံ (က) အသင်း နှင့်  (ခ)အသင်းတို့အား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားအား ယနေ့ နေ့လည်(၁)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Medal Hall၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အောင်ပွဲရ နည်းပြ /အုပ်ချုပ်သူနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်အား အောင်ပွဲရ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း များမှ အားကစားသမားများက မိတ်ဆက်ဂါရဝပြုကြပါသည်။ ထို့နောက် အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲဝင်အသင်းများ၏ အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ့-၂၁ နှင့် ့ -၂ဝ  (က)အသင်းနှင့်(ခ)အသင်းတို့၏ အောင်ပွဲရ ချန်ပီယံဆုဖလားများအား နည်းပြနှင့်အသင်းခေါင်းဆောင်မှ ညွှန်ကြားရေးမှူးချုပ်ထံသို့ အပ်နှံခဲ့ပါသည်။
 
 
ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နည်းပြများ၏ သင်ကြားမှုများကို စနစ်တကျ လိုက်ပါဆောင်ရွက်ကာ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မှာကြားကာ  အားကစားသမားတစ်ဦးလျှင် ဆုကြေးငွေ (၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုဆုငွေပေါင်း ကျပ်(၅၅)သိန်း  ချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်မှ အောင်ပွဲရ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အာဟာရမုန့်များနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/mpt-myanmar-national-league-2018-u-21-%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7u-20-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%B1%E1%80%AC