နေပြည်တော်၊ စက်တင်ဘာလ(၂၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ယနေ့ နံနက်(၉) နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဗဟိုဘဏ်အသင်းနှင့် အမျိုးသားလွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ရာတွင် ဗဟိုဘဏ်အသင်း မှ (၂၅-၁ဝ) (၂၅-၁၁) (၂၅-၆) (၃) ပွဲပြတ်ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း မှ (၂၅-၂၃) (၂၇-၂၅) (၂၅-၁၇) (၃) ပွဲပြတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်း မှ (၂၅-၁၇) (၂၅-၁၇) (၂၅-၂၁) (၃) ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၄) (၂၆-၂၄) (၂၅-၁၈) (၃) ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်း နှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်း မှ (၂၅-၁၃) (၂၅-၉) (၂၅-၅) (၃) ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း တို့ယှဉ်ပြိုင် ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၆) (၂၅-၉) (၂၅-၁၇) (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။

(၂၇.၉.၂ဝ၁၈)ရက်နေ့တွင်ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၂၈.၉.၂ဝ၁၈) ရက်နေ့ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကွာတားပွဲ အမျိုးသားပွဲစဉ်များအဖြစ် နံနက်(၉)နာရီအချိန်တွင် ဗဟိုဘဏ်အသင်း နှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ နံနက်(၁ဝ) နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့သည် လည်းကောင်း၊ အမျိုးသမီးကွာတား ပွဲစဉ်များအဖြစ် နံနက်(၁၁) နာရီအချိန်တွင် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအသင်းတို့ သည်လည်းကောင်း၊ နေ့လည် (၁၂)နာရီ အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်း တို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါ ဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။