ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့နေ့လည် (၂)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်စိုးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်းအုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများတက်ရောက်ကြပါသည်။
ထို့နောက် ဗိုလ်လုပွဲပြိုင်ပွဲများအဖြစ် အမျိုးသမီး (၅၁)ကီလိုတန်းတွင် အေးငြိမ်းထူး (တနင်္သာရီ)နှင့် နန်းလှလှထွေး(ကရင်)တို့ယှဉ်ပြိုင်ရာ အေးငြိမ်းထူး(တနင်္သာရီ)မှလည်းကောင်း၊ အမျိုးသမီး(၅၇) ကီလိုတန်းတွင် စိန်မြ(ရှမ်း)နှင့် မေသဇင်ထူး(ကယား)တို့ယှဉ်ပြိုင်ရာ စိန်မြ(ရှမ်း)မှလည်းကောင်း၊ အမျိုးသား (၄၉)ကီလိုတန်းတွင် ကျော်လှမောင်(ရှမ်း)နှင့် အောင်သူဟိန်း(ပဲခူး)တို့ယှဉ်ပြိုင်ရာ ကျော်လှမောင်(ရှမ်း)မှလည်းကောင်း၊ အမျိုးသား(၆၄)ကီလိုတန်းတွင် သီဟဇော်(စစ်ကိုင်း) နှင့် ဟန်သော်ဇင် (မန္တလေး)တို့ယှဉ်ပြိုင်ရာ သီဟဇော်(စစ်ကိုင်း)မှလည်းကောင်း အသီးသီးအနိုင်ရဗိုလ်စွဲခဲ့ပါသည်။

ပြိုင်ပွဲအပြီးဆုပေးပွဲကို ကျင်းပပြုလုပ်ရာ အမျိုးသမီး(၅၁)ကီလိုတန်းတွင် ဆုရရှိခဲ့သော ပထမ အေးငြိမ်းထူး (တနင်္သာရီ)၊ ဒုတိယ နန်းလှလှထွေး(ကရင်)၊ ပူးတွဲတတိယနန်းမိုးဦး(ဧရာဝတီ)နှင့် ထွန်းအိအိခိုင်(ရှမ်း)တို့အား မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးစောထွန်းလှဘော်မှလည်းကောင်း၊ အမျိုးသမီး(၅၇)ကီလိုတန်းတွင် ဆုရရှိခဲ့သော ပထမ စိန်မြ(ရှမ်း)၊ ဒုတိယ မေသဇင်ထူး(ကယား)၊ ပူးတွဲတတိယ မနမ်ဂျီးပန် (ကချင်)နှင့် နွေဦးခိုင်(စစ်ကိုင်း)တို့အား မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်စန်းမှ လည်းကောင်း၊ အမျိုးသား(၄၉)ကီလိုတန်းတွင် ဆုရရှိခဲ့သော ပထမ ကျော်လှမောင်(ရှမ်း)၊ ဒုတိယ အောင်သူဟိန်း(ပဲခူး)၊ ပူးတွဲတတိယ မင်းမော်ဦး(ကချင်)နှင့် ရန်မျိုးအောင်(ရန်ကုန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းထွန်းလတ်မှလည်းကောင်း၊ အမျိုးသား(၆၄)ကီလိုတန်းတွင် ဆုရရှိခဲ့သော ပထမ သီဟဇော် (စစ်ကိုင်း)၊ ဒုတိယ ဟန်သော်ဇင် (မန္တလေး)၊ ပူးတွဲတတိယ နိုင်နိုင်လင်း (တနင်္သာရီ) နှင့် စောဇော်သန်း (ကရင်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိခဲ့သော အမျိုးသမီး(၅၂) ကီလိုတန်းမှ အေးငြိမ်းထူး(တနင်္သာရီ)နှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆုရရှိခဲ့သော အမျိုးသား(၄၉) ကီလိုတန်းမှ ကျော်လှမောင်(ရှမ်း)တို့အား မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်စိုးမှလည်းကောင်း၊ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုစီဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိခဲ့ကြသော တနင်္သာရီတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း၊ စုစုပေါင်း ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှလည်းကောင်း တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။