spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ တတိယလုပွဲများကျင်းပ

၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ တတိယလုပွဲများကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာလ(၂၉)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ယနေ့ နံနက်(၉) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အမျိုးသားတတိယလုပွဲအဖြစ် ဗဟိုဘဏ်အသင်း နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ရာတွင် ဗဟိုဘဏ်အသင်းမှ (၂၅-၁၉) (၂၅-၂ဝ) (၂၅-၁၂) (၃) ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသမီး တတိယလုပွဲအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်း နှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ (၂၆-၂၄) (၂၅-၁၇) (၂၅-၁၉) (၃) ပွဲ  ပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။
 

(၃ဝ.၉.၂ဝ၁၈)ရက်နေ့ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌  အမျိုးသမီးဗိုလ်လုပွဲအဖြစ် နံနက်(၉)နာရီအချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-4