spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာရှဖိတ်ခေါ်စနူကာချန်ပီယံ မြန်မာအား ဂုဏ်ပြုကြိုဆို

အာရှဖိတ်ခေါ်စနူကာချန်ပီယံ မြန်မာအား ဂုဏ်ပြုကြိုဆို

ရန်ကုန်၊ စက်တင်ဘာလ( ၃ဝ )ရက်။

၂ဝ၁၈ခုနှစ်၊မလေးရှားနိုင်ငံတွင် စက်တင်ဘာလ (၂၃)ရက်မှ (၂၉) ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် Asia Invitational Snooker Championship ၂ဝ၁၈   အာရှဖိတ်ခေါ် စနူကာပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုထက်က ချန်ပီယံဆုကို ထိုက်တန်စွာဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်နိုင်ငံပေါင်း (၁ဝ)နိုင်ငံမှ အားကစားသမား (၆၄)ဦး ပါဝင်ရာ အုပ်စုပတ်လည်စနစ်ဖြင့်ကစားရပြီး နောက်ဆုံး(၃၂)ဦးရှုံး/ထွက်အဆင့်တွင် မြန်မာက မလေးရှားကို (၄-၂)ဖြင့် နိုင်၍လည်းကောင်း၊ (၁၆)ဦးအဆင့်တွင် မြန်မာက ထိုင်းကို (၅-၂)ဖြင့်နိုင်၍လည်းကောင်း၊ (၈)ဦးအဆင့်တွင် (၁ဝဝ)ကျော် Break အများဆုံးထိုးထားပြီး ချန်ပီယံဖြစ်မယ်လို့ ပရိသတ်တွေခန့်မှန်းထားသည့် ထိုင်းနိုင်ငံက ချန်ပီယံကို မြန်မာနိုင်ငံက (၅-၃)ဖြင့် ခက်ခက်ခဲခဲနိုင်ခဲ့၍ ပရိသတ်များအံ့သြခဲ့ရသဖြင့် ဆီမီးဖိုင်နယ်အဆင့်တွင် မလေးရှားမှ ဒုတိယတန်းလက်ရွေးစင်ကို(၄-ဝ)ဖြင့် အရင်စီးထားပေမယ့် မလေးရှားကနောက်မှလိုက်၍ (၄-၄)ဖြင့် ပြန်လိုက်လာရာ နောက်ဆုံးတွင် မလေးရှားကို (၆-၅)ဖြင့်နိုင်၍ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် တရုတ်မှအာရှလူငယ်ချန်ပီယံ  မလေးရှားအာရှဖိတ်ခေါ်စနူကာပြိုင်ပွဲတွင် ပထမဆု(၂)ကြိမ်ရရှိထားသူနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ မြန်မာက တရုတ် ကို (၆-၅)ဖြင့် ထိုက်တန်စွာအနိုင်ယူ ချန်ပီယံဆုတံဆိပ်နှင့်အတူ မလေးရှား RM ၁ဝဝဝဝ ဆုငွေအား ရရှိခဲ့သည်။

မြန်မာ့စနူကာချန်ပီယံ ကိုထက်သည် ယနေ့နံနက်(၁ဝ)နာရီ(၃ဝ)မိနစ်တွင်  မလေးရှားနိုင်ငံမှရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်ဦး၊ ဒိုင်ချုပ် ဦးဝင်းမြင့်မြတ် နှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%85%E1%80%94%E1%80%B0%E1%80%80%E1%80%AC%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8-%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%86%E1%80%AD%E1%80%AF