spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကျင်းပ Myanmar Fitness Dance

အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကျင်းပ Myanmar Fitness Dance

 

ရန်ကုန်၊အောက်တိုဘာလ( ၁)ရက်။

၂ဝ၁၈ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီး အားကစားဆပ်ကော်မတီဥက္ကဌဖလား (၄)ခရိုင်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီကရန်ကုန်တိုင်းဒေသကြီး သဃင်္န်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဌ ဒေါ်မာလာဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အားကစားသမားများ အားကစားသစ္စာဓိဌာန်ရွတ်ဆို၍ ပြိုင်ပွဲကိုကျင်းပပေးခဲ့သည်။ ပြိုင်ပွဲ အပြီးတွင် ၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အေရိုးဗစ်အသင်းမှ ရွှေတံဆိပ်ဆုရှင်မသဲဆုကတစ်ဦးချင်းစိတ်ကြိုက်လေ့ကျင့်ခန်းများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဌဒေါ်ရည်ဝိုင်းဦးက အကြီးတန်း (၉)ယောက်တွဲလေ့ကျင့်ခန်းပြိုင်ပွဲတွင်တတိယဆုရတောင်ပိုင်းခရိုင်အသင်းအား ဆုတံဆိပ်နှင့်အတူ ငွေသားဆုကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီအတွင်းရေးမှူး ဒေါ်စွဲ့ခင်မာဝင်းက အကြီးတန်း(၉)ယောက်တွဲလေ့ကျင့်ခန်း ပြိုင်ပွဲတွင် ဒုတိယဆုရမြောက်ပိုင်းခရိုင်အသင်းအား ဆုတံဆိပ်နှင့်အတူ ငွေသားဆုကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီနာယက ဒေါ်အေးအေးမြင့်က အကြီးတန်း(၉)ယောက်တွဲလေ့ကျင့်ခန်းပြိုင်ပွဲတွင် ပထမဆုရ အရှေ့ပိုင်းခရိုင်အသင်းအား ဆုတံဆိပ်နှင့်အတူငွေသားဆုကိုပေးအပ်ချီးမြှင့်၍ လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဌ ဒေါ်တင်တင်လှိုင်က Myanmar Fitness Dance ပြိုင်ပွဲတွင်တတိယဆုရတောင်ပိုင်းခရိုင်အသင်းအား ဆုတံဆိပ်နှင့်အတူ ငွေသားဆုကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဒေါ်ချိုချိုလွင်က  Myanmar Fitness Danceပြိုင်ပွဲတွင် ဒုတိယဆုရအနောက်ပိုင်းခရိုင်အသင်းအား ဆုတံဆိပ်နှင့်အတူ ငွေသားဆုကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နာယက ဒေါ်နန်းအေးခိုင်က Myanmar Fitness Dance ပြိုင်ပွဲတွင်ပထမဆုရမြောက်ပိုင်းခရိုင်အသင်းအား       ဆုတံဆိပ်နှင့်အတူငွေသားဆုကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊  တောင်ပိုင်းခရိုင်အမျိုးသမီး ရေးရာဥက္ကဌ ဒေါ်နှင်းဇာခြည်ဦးက တစ်ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲတွင် တတိယဆုရအနောက်ပိုင်း ခရိုင်အသင်းအား ဆုတံဆိပ်နှင့်အတူငွေသားဆုကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊  အရှေ့ပိုင်း ခရိုင်အမျိုးသမီးရေးရာဥက္ကဌအဖွဲ့ ဒေါ်သီတာကြိုင်က တစ်ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲတွင် ဒုတိယဆုရ အရှေ့ပိုင်းခရိုင်အသင်းအား ဆုတံဆိပ်နှင့်အတူ ငွေသားဆုကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြောက်ပိုင်းခရိုင်အမျိုးသမီး ရေးရာဥက္ကဌ ဒေါ်နန်းစိုးစိုးအေးက တစ်ဦးချင်း စိတ်ကြိုက်ပြိုင်ပွဲတွင် ပထမဆုရမြောက်ပိုင်း ခရိုင်အသင်းအား ဆုတံဆိပ်နှင့်အတူ ငွေသားဆုတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားဆပ်ကော်မတီဥက္ကဌ ဒေါ်မာလာဝင်းက အကြီးတန်း(၉)ယောက်တွဲပြိုင်ပွဲတွင်ငွေတံဆိပ်(၁)ခု၊ Myanmar Fitness Dance ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် တစ်ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲတွင်ရွှေတံဆိပ် (၁)ခုစုစုပေါင်း ရွှေ(၂)ခု၊ ငွေ(၁)ခုဖြင့်ရရှိသွားသော မြောက်ပိုင်း ခရိုင်အသင်းအား ပထမတံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF-%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%B1%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%97%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-myanmar-fitness-dance