spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အဖွဲ့ချုပ် ဥက္ကဌဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် မြားပစ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

အဖွဲ့ချုပ် ဥက္ကဌဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် မြားပစ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 
ရန်ကုန်၊ အောက်တိုဘာလ(၂ )ရက်။
 
မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မြားပစ်အားကစားနည်း မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ အဖွဲ့ချုပ်နည်းပြဆရာများနှင့် နည်းစနစ်မှူးများမှ တိုင်းဒေသကြီး နှင့်ပြည်နယ်များသို့ စေလွှတ်ကာ မြားပစ်သင်တန်းများကို စဉ်ဆက်မပြတ် သင်တန်းများ ပို့ချလျက်ရှိပြီး ၄င်းသင်တန်းသားများထဲမှ အလားအလာရှိသော အားကစားသမားကို စိစစ် ရွေးချယ်ကာ ပြိုင်ပွဲဝင်နိုင်သည့် အဆင့်ထိ စနစ်တကျဆက်လက်သင်ကြားပေးပြီး  မျိုးဆက်သစ် အားကစားသမားရှာဖွေဖော်ထုတ်နိုင်ရေးရည်ရွယ်၍ယခုကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဌဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် မြားပစ်ပြိုင်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ကျိုက္ကဆံမြားပစ် လေ့ကျင့်ရေး ကွင်း၌ ဗိုလ်လု ပြိုင်ပွဲနှင့် ဆုပေးပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
 
ဗိုလ်လုပြိုင်ပွဲများတွင်  အမျိုးသား/အမျိုးသမီး တစ်ဦးချင် Recurve နှင့် Compound၊ (၁၈၊၃ဝ၊၅ဝ၊၇ဝ၊၈ဝ)မီတာ ဗိုလ်လုပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး (၂)ယောက်တွဲ Recurve ဗိုလ်လုပြိုင်ပွဲများ၊ကျင်းပခဲ့ပြီး အမျိုးသမီး Recurve  (၁၈)မီတာ တစ်ဦးချင်း ရှုံး/ထွက်ပြိုင်ပွဲတွင် ပထမ ကီးရောင်ဝိုင် (ချင်း)၊ ဒုတိယ အိအိမွန်(မွန်)နှင့် တတိယ လိန်းအွယ် (ချင်း)တို့မှလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း(၁၈)မီတာ ရှုံး/ထွက် ပြိုင်ပွဲ တွင်ပထမ ဟိန်းစည်သူ (ကယား)၊ ဒုတိယ ဇူလိုင်မင်း(မွန်)၊ တတိယ အောင်ဘိုဘိုခန့် (ကရင်) တို့မှလည်းကောင်း၊ Recurve အမျိုးသမီးတစ်ဦးချင်း မီတာ(၃ဝ)ရှုံး/ထွက်ပြိုင်ပွဲတွင် ပထမ ဆိုင်းဘွယ်မှိုင်း(ကချင်)၊ ဒုတိယ နန်းငွေဝင်း(ဧရာဝတီ)၊ တတိယ ဝင်းချယ်ရီစိုး (ဧရာဝတီ) တို့မှလည်းကောင်း၊ Recurve အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမ လင်းခန့်(ဧရာဝတီ)၊ ဒုတိယ နိုင်နိုင်ဦး (စစ်ကိုင်း)၊ တတိယ စောနန်းလင်း(ပဲခူး)တို့မှလည်းကောင်း၊ Compound  အမျိုးသမီးတစ်ဦးချင်းမီတာ (၅ဝ) ရှုံး/ထွက် ပြိုင်ပွဲတွင် ပထမ စုစုလှိုင်(ရခိုင်)၊ ဒုတိယ လှလှစံ (မကွေး)၊ တတိယ ခက်ခက်တုံ( မွန်)တို့မှလည်းကောင်း၊Compound အမျိုးသားတစ်ဦးချင်း မီတာ(၅ဝ)ရှုံး/ထွက်ပြိုင်ပွဲတွင် ပထမ ဇင်သူရိန်မှူး(ရှမ်း)၊ ဒုတိယ ကျော်လင်းထွန်း(မွန်)၊ တတိယ ဆိုင်းနန်(ကချင်)တို့မှလည်းကောင်း၊ Recurve အမျိုးသမီးတစ်ဦးချင်းမီတာ(၇ဝ) ရှုံး/ထွက်ပြိုင်ပွဲ၌ ပထမ သီတာနွယ် (မကွေး)၊ ဒုတိယ စန်းနုလွင် (စစ်ကိုင်း) ၊ တတိယ ခင်လေးလွင်(မွန်) တို့မှလည်းကောင်း၊ Recurve  အမျိုးသားတစ်ဦးချင်း မီတာ(၇ဝ) ရှုံး/ထွက်ပြိုင်ပွဲ၌ ပထမ နေလင်းဦး(မွန်)၊ ဒုတိယ ထိုက်လင်းဦး(ဧရာဝတီ)၊ တတိယ ကောင်းခန့်မော် (မကွေး) တို့မှလည်းကောင်း အသီးသီးရရှိကြပြီး အဆိုပါဆုရရှိသူများအား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတောက်ထွန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ ဒုတိယကျောင်းအုပ်ကြီး ဦးကျော်မင်းသန်းနှင့် အဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ နည်းပြချုပ် ကိုရီးယားနိုင်ငံသား Mr. Youn Byung Sun နှင့် ဒိုင်ချုပ်တို့မှ ဆုများအသီးသီးချီးမြှင့်ပေးသည်။
 
 
 
ဆက်လက်ပြီး Recurve Mixed Team မီတာ(၈ဝ) ရှုံး/ထွက် ပြိုင်ပွဲတွင် ပထမ အောင်ဘိုဘိုခန့်နှင့် သင်းသင်းဌေး (ကရင်ပြည်နယ်)၊ ဒုတိယ ထန်းဟုန်ဘုန်းနှင့် ကီးရောင်ပိုင် (ချင်းပြည်နယ်)၊ တတိယ ဇူလိုင်မင်းနှင့်အိအိမွန်(မွန်ပြည်နယ်) တို့ မှလည်းကောင်း၊ Recurve Mixed Team  မီတာ(၁၈) ရှုံး/ထွက်ပြိုင်ပွဲတွင် ပထမ ကောင်းခန့်မော်နှင့်သီတာနွယ် (မကွေးတိုင်းဒေသကြီး) ၊ ဒုတိယ နေလင်းဦးနှင့် ခင်လေးနွယ် (မွန်ပြည်နယ်)နှင့် တတိယ စိုင်းခွန်းခန့်နှင့် ဆန်းနုလွင်တို့မှ အသီးသီးဆုများရရှိကြ၍လည်းကောင်း၊ Compound အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ အိုလံပစ်နေ့အထိမ်းအမှတ်ပြိုင်ပွဲ၌ ဇူသူရိန်မှူးက ရမှတ် (၁၄၂) မှတ်ရရှိပြီး ယခုပြိုင်ပွဲတွင် (၁၄၅)မှတ်ရရှိကာ စံချိန်ချိုး၍လည်းကောင်း၊ Compound အမျိုးသမီးတစ်ဦးချင်း အိုလံပစ်နေ့အထိမ်းအမှတ်ပြိုင်ပွဲ၌  စုစုလှိုင်က (၁၃၉)မှတ်ရရှိပြီး ယခုပြိုင်ပွဲတွင်(၁၄ဝ)မှတ်ရရှိကာ စံချိန်ချိုး၍လည်းကောင်း၊ Recurve  အမျိုးသားတစ်ဦးချင်း အိုလံပစ်နေ့အထိမ်းအမှတ်ပြိုင်ပွဲတွင် ထိုက်လင်းဦးနှင့် နေလင်းဦးတို့က Ranking Round စံချိန် (၈.၉)မှတ်ကို ပစ်ခတ်နိုင်ပြီး ယခုပြိုင်ပွဲ၌ ပွဲစဉ်တစ်လျှောက်လုံး စံချိန်ပေါင်း (၉.ဝ)ရရှိစံချိန် ချိုး၍လည်းကောင်း အသီးသီးစံချိန်ချိုး ပစ်ခတ်နိုင်သူများအား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟမှ ဂုဏ်ပြုဆုငွေ (တစ်သိန်း)စီအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%81%8A-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7