နေပြည်တော်၊ အောက်တိုဘာလ(၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက်(၇) နာရီမှစတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပပြုလုပ်ပါသည်။
ယနေ့ ပြိုင်ပွဲများအဖြစ် မီတာ(၄ဝဝ)အပြေး (ကျား/မ)၊ မီတာ(၁၁ဝ)တန်းကျော်ပြေး(ကျား) ၊ မီတာ(၁ဝဝ)တန်းကျော်ပြေး (မ)၊ တုတ်ထောက်ခုန်(ကျား)၊ သံလုံးပစ်(ကျား/မ)၊ မီတာ(၄ ထ ၁ဝဝ) လက်ဆင့်ကမ်း(ကျား/မ)၊ မီတာ(၃ဝဝဝ)အပြေး(ကျား/မ) များကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသမီး သံလုံးပစ်ပြိုင်ပွွဲတွင် ပထမ ခိုင်သင်းဝေ (မကွေး)၊ ဒုတိယ ဆွေဆွေအောင် (တနင်္သာရီ)နှင့် တတိယ လှဝင်းခန့် (စစ်ကိုင်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ လည်းကောင်း၊ အမျိုးသား မီတာ (၃ဝဝဝ) ပြိုင်ပွဲတွင် ပထမ ပေါင်လမ့်စန် (ချင်း)၊ ဒုတိယ ဇော်မင်းထွန်း(နေပြည်တော်) နှင့် တတိယ တင်နိုင်ဝင်း (တနသင်ာ္ရီ) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်မှ လည်းကောင်း၊ အမျိုးသမီး မီတာ(၃ဝဝဝ) ပြိုင်ပွဲတွင် ပထမ သွက်လက်ချို(မွန်)၊ ဒုတိယ ထားသဇင်အေး(စစ်ကိုင်း) နှင့် တတိယ ခင်သူဇာဇော် (တနင်္သာရီ) တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။


အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ(၄ဝဝ) အပြေး (ကျား/မ)၊ မီတာ(၁၁ဝ)တန်းကျော်ပြေး (ကျား)၊ မီတာ(၁ဝဝ)တန်းကျော်ပြေး (မ)၊ တုတ်ထောက်ခုန်(ကျား)၊ သံလုံးပစ်(ကျား/မ)၊ မီတာ(၄ x ၁၀၀) လက်ဆင့်ကမ်း(ကျား/မ)၊ မီတာ(၃ဝဝဝ)အပြေး(ကျား/မ)၊ မီတာ (၁ဝဝဝဝ) လမ်းလျှောက် (ကျား)၊ မီတာ (၅ဝဝဝ)လမ်းလျှောက် (မ)၊ အလျားခုန် (ကျား/မ)၊ သံပြားဝိုင်းပစ် (ကျား/မ)၊ မီတာ(၄ဝဝ) တန်းကျော်ပြေး (ကျား/မ)၊ မီတာ(၂ဝဝ) အပြေး (ကျား/မ)၊ မီတာ(၁၅ဝဝ) အပြေး (ကျား/မ)၊ မီတာ (၈ဝဝ) အပြေး (ကျား/မ)၊ မီတာ (၁ဝဝ)အပြေး (ကျား/မ)၊ တန်းမြင့်ခုန် (ကျား/မ)၊ သုံးဆင့်ခုန် (ကျား/မ)၊ လှံတံပစ်(ကျား/မ)နှင့် မီတာ(၄ x ၄၀၀) လက်ဆင့်ကမ်း (ကျား/မ) ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်း (၁၅)သင်း အားကစားသမား(၃၂၉)ဦး ဖြင့် (၃.၁ဝ.၂ဝ၁၈)ရက်နေ့မှ(၅.၁ဝ.၂ဝ၁၈)ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် ကွင်းအမှတ်(၁)တို့တွင် နေ့စဉ် နံနက်(၇)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစား ကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။