spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ အောက်တိုဘာလ(၄)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက်(၇) နာရီမှစတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ယနေ့ပြိုင်ပွဲများအဖြစ်  အမျိုးသမီးမီတာ (၅ဝဝဝ) လမ်းလျှောက်၊ အမျိုးသား(အလျားခုန်)၊ အမျိုးသားမီတာ(၁ဝဝဝဝ) လမ်းလျှောက်၊ အမျိုးသားမီတာ (၁၅ဝဝ)အပြေး၊ အမျိုးသမီးမီတာ(၁၅ဝဝ)အပြေး၊ အမျိုးသား သံပြားဝိုင်းပစ်၊ အမျိုးသမီးအလျားခုန်၊ အမျိုးသမီးသံပြားဝိုင်းပစ်၊ အမျိုးသားမီတာ(၂ဝဝ)အပြေး၊ အမျိုးသမီးမီတာ(၂ဝဝ)အပြေး၊ အမျိုးသားမီတာ(၄ဝဝ)တန်းကျော်ပြေး၊  အမျိုးသမီးမီတာ(၄ဝဝ) တန်းကျော်ပြေး ပြိုင်ပွဲများကို ပွဲစဉ်အလိုက် ယှဉ်ပြိုင်ကစားကြပါသည်။
 
 
ပြိုင်ပွဲများကိုယှဉ်ပြိုင်ကြရာ အမျိုးသမီးမီတာ(၅ဝဝဝ)လမ်းလျှောက်ပြိုင်ပွဲတွင် ဇင်မေထက် (ရှမ်း)မှ စံချိန် ၂၆မိနစ် ၃၅.၄စက္ကန့်ဖြင့် ပထမ၊ ဖြိုးဝေဝေအောင်(မကွေး)မှ စံချိန်၃၃မိနစ်ဝ၅.၅၈ စက္ကန့်ဖြင့် ဒုတိယ၊ မျိုးသီရိနိုင်(ကချင်)မှ စံချိန် ၃၄မိနစ်၁၂.၈၉စက္ကန့်ဖြင့် တတိယကို လည်းကောင်း၊ အမျိုးသား(အလျားခုန်)ပြိုင်ပွဲတွင် အောင်နိုင်လင်း(တနင်္သာရီ)မှ စံချိန်၆.၃၃မီတာဖြင့် ပထမ၊ အေးမင်းဇော်(နေပြည်တော်)မှ စံချိန်၅.၉ဝမီတာဖြင့် ဒုတိယ၊ အောင်ထက်မင်း(မန္တလေး)မှ စံချိန်၅.၇၆မီတာဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသားမီတာ(၁ဝဝဝဝ)လမ်းလျှောက်ပြိုင်ပွဲတွင် ဖြိုးမင်းကို (တနင်္သာရီ)မှ စံချိန်၁နာရီ ၃၃ ဒသမ ၈စက္ကန့်ဖြင့်ပထမ၊ ဇဗ္မူမိုး(မကွေး)မှ စံချိန် ၁နာရီ ၃၈ ဒသမ၅ စက္ကန့် ဖြင့် ဒုတိယ၊ သန့်ဇင်ထွန်း (ရန်ကုန်)မှ စံချိန် ၁နာရီဝ၇မိနစ် ၅ဝဒသမ၆စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသားမီတာ (၁၅ဝဝ)အပြေးပြိုင်ပွဲတွင် မင်းမင်းဇော်(မန္တလေး) မှ ၅မိနစ်၁၄.၇စက္ကန့်ဖြင့်ပထမ၊ တစ်ခိုင်ရွှေ(မကွေး)မှ ၄မိနစ်၁၈.၈၃စက္ကန့်ဖြင့် ဒုတိယ၊ ကျော်မင်းဦး(မွန်)မှ ၄မိနစ် ၄၁.ဝ၂စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသမီးမီတာ (၁၅ဝဝ) ပြိုင်ပွဲတွင် ထားသဥ္ဇာအေး(စစ်ကိုင်း)မှ ၅မိနစ် ၁၉.၈စက္ကန့် ဖြင့်ပထမ၊ သွက်လက်ချို(မွန်)မှ ၅မိနစ် ၂၇.၄၈စက္ကန့်ဖြင့် ဒုတိယ၊ ခင်သူဇာဇော်(တနင်္သာရီ)မှ ၅မိနစ်၃၅.၆၇စက္ကန့်ဖြင့် တတိယ၊ အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ထက်ဝေယံ(ရှမ်း) မှ ၃၆.၁၇မီတာဖြင့် ပထမ၊ ရဲနန္ဒ(ရန်ကုန်)မှ ၃၅.၄၄မီတာဖြင့်ဒုတိယ၊ သူရဇော်(ချင်း)မှ၃၁.၃၆မီတာဖြင့် တတိယကိုလည်းကောင်း၊ အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် နန်းစံပယ်မိုး(ကရင်)မှ ၂၃.၂၂မီတာဖြင့်ပထမ၊ ခိုင်သင်းဝေ(မကွေး)မှ ၂၂.၉၈ မီတာဖြင့်ဒုတိယ၊ နန်းဆိုင်လောင်(ရှမ်း) မှ၂၁.၈၁မီတာဖြင့်တတိယကိုလည်းကောင်း၊ အမျိုးသားမီတာ (၂ဝဝ)အပြေးပြိုင်ပွဲတွင် ဟိန်းကျော်(မန္တလေး)မှ၂၃မိနစ်၆ဝစက္ကန့်ဖြင့် ပထမ၊ ကျော်ထိုက်(တနင်္သာရီ) မှ၂၃မိနစ်၉၈စက္ကန့်ဖြင့် ဒုတိယ၊ အောင်မြင့်မြတ်(မွန်)မှ ၂၄မိနစ်၁၄စက္ကန့်ဖြင့် တတိယကို လည်းကောင်း၊ အမျိုးသမီးမီတာ(၂ဝဝ)အပြေးပြိုင်ပွဲတွင် မေမြတ်သူဇာ(တနင်္သာရီ)မှ ၂၈မိနစ် ဝ၇ စက္ကန့်ဖြင့် ပထမ၊ မေခန့်သူဝင်း(စစ်ကိုင်း)မှ ၂၉မိနစ် ၆၅စက္ကန့်ဖြင့်  ဒုတိယ၊ ကြည်ကြည်စန်း(ရှမ်း)မှ ၂၉မိနစ်၇၇စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊  အမျိုးသားမီတာ(၄ဝဝ)တန်း ကျော်ပြေးပြိုင်ပွဲတွင် ပြည့်ဖြိုးကျော်(မကွေး)မှ ၆ဝ.၅၅စက္ကန့်ဖြင့်ပထမ၊ စန်းလင်းစိုး(တနင်္သာရီ)မှ ၆၁.၉၆စက္ကန့်ဖြင့် ဒုတိယ၊ ထွန်းနိုင်လင်း(စစ်ကိုင်း)မှ ၆၃.၅၆စက္ကန့်ဖြင့်တတိယကိုလည်းကောင်း၊ အမျိုးသမီးမီတာ(၄ဝဝ)တန်း ကျော်ပြေးပြိုင်ပွဲတွင် ယမုံဇင်(တနင်္သာရီ)မှ ၇၈.၉စက္ကန့်ဖြင့် ပထမ၊ ထူးထူးအောင်(စစ်ကိုင်း)မှ ၈၁.၄၆စက္ကန့်ဖြင့် ဒုတိယ၊ မေနှင်းလှိုင်(မကွေး)မှ ၈၃.၃၈စက္ကန့်ဖြင့် တတိယကို      လည်းကောင်း၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် မြတ်သဉ္ဇာဝင်း (မန္တလေး)မှ ၄၉.၇ မီတာ ဖြင့်ပထမ၊ နန်းအိစိုး(စစ်ကိုင်း)မှ ၄.၃၇မီတာဖြင့်ဒုတိယ၊ ကော့ဂျာ(ကချင်)မှ ၄.၃၄မီတာဖြင့် တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
 
အဆိုပါ  တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ(၄ဝဝ) အပြေး (ကျား/မ)၊ မီတာ(၁၁ဝ)တန်းကျော်ပြေး (ကျား) ၊ မီတာ(၁ဝဝ)တန်းကျော်ပြေး (မ)၊ တုတ်ထောက်ခုန်(ကျား)၊ သံလုံးပစ်(ကျား/မ)၊ မီတာ(၄ ထ ၁ဝဝ) လက်ဆင့်ကမ်း(ကျား/မ)၊ မီတာ(၃ဝဝဝ)အပြေး(ကျား/မ)၊ မီတာ (၁ဝဝဝဝ) လမ်းလျှောက် (ကျား)၊ မီတာ (၅ဝဝဝ)လမ်းလျှောက် (မ)၊ အလျားခုန် (ကျား/မ)၊ သံပြားဝိုင်းပစ် (ကျား/မ)၊ မီတာ(၄ဝဝ) တန်းကျော်ပြေး (ကျား/မ)၊ မီတာ(၂ဝဝ) အပြေး (ကျား/မ)၊ မီတာ(၁၅ဝဝ) အပြေး (ကျား/မ)၊ မီတာ (၈ဝဝ) အပြေး (ကျား/မ)၊ မီတာ (၁ဝဝ)အပြေး (ကျား/မ)၊ တန်းမြင့်ခုန် (ကျား/မ)၊ သုံးဆင့်ခုန် (ကျား/မ)၊ လှံတံပစ်(ကျား/မ)နှင့် မီတာ(၄ ထ ၄ဝဝ) လက်ဆင့်ကမ်း (ကျား/မ) ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်း (၁၅)သင်း အားကစားသမား(၃၂၉)ဦး ဖြင့် (၃.၁ဝ.၂ဝ၁၈)ရက်နေ့မှ(၅.၁ဝ.၂ဝ၁၈)ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် ကွင်းအမှတ်(၁)တို့တွင် နေ့စဉ် နံနက်(၇)နာရီအချိန်မှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%88%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95