ရန်ကုန်၊ အောက်တိုဘာလ( ၁ဝ )ရက်။
ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)တွင် အောက်တိုဘာလ (၁ဝ)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပသော 2nd EGAT King's Cup 2018 အလေးမပြိုင်ပွဲသို့ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဦးမျိုးမင်း (ဒိုင်လူကြီး) ဦးဆောင်ကာ နည်းပြ(၂)ဦး၊ ကစားသမားအမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၇)ဦးတို့သွားရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့ အောက်တိုဘာလ(၁ဝ)ရက်နေ့ ပြိုင်ပွဲပထမဦးဆုံးနေ့၌ JUNIOR WOMEN (၄၈)ကီလိုတန်းပြိုင်ပွဲ၌ မြန်မာမှ မဇင်မေဦးက ပြိုင်ပွဲ၏ ပထမဦးဆုံးရွှေတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့သည်။
အဆိုပါ 2nd EGAT King's Cup 2018 (၄၈)ကီလိုတန်းပြိုင်ပွဲ Group (A) မှ (၈)ဦး နှင့် Group (B) မှ (၁၃)ဦး စုစုပေါင်း (၂၁)ဦးမှ နိုင်ငံပေါင်း(၁၅)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာမှ ဇင်မေဦးက အမြန်မနှင့် နှစ်ဆင့်မ (၂)ခုစလုံးတွင် ရမှတ်(၁၇၅)ကီလိုဖြင့် ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ ရမှတ်(၁၆ဝ)ကီလိုဖြင့် ဒုတိယ အင်ဒိုနီးရှားနိုင်ငံမှ လည်းကောင်း၊ ရမှတ်(၁၅ဝ)ကီလိုဖြင့် တတိယ ဖိလစ်ပိုင်နိုင်ငံမှ လည်းကောင်း အသီးသီးရရှိ သွားသည်။
အောက်တိုဘာ (၁၁)ရက်နေ့၌ အမျိုးသား(၆၂)ကီလိုတန်းမှ ကောင်းဆက်နိုင်နှင့် (+ ၁ဝ၅) ကီလိုတန်းမှ ရန်မျိုးကျော်တို့ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။