spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOMS-၈)နှင့် အခြားဆက်စပ်အစည်းအဝေးများ (Related Meeting) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOMS-၈)နှင့် အခြားဆက်စပ်အစည်းအဝေးများ (Related Meeting) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 
 
နေပြည်တော်၊အောက်တိုဘာလ(၁ဝ)ရက်။
 
အာဆီယံအတွင်းရေးမှူးရုံး (ASEC)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) တို့ပူးပေါင်း၍၂ဝ၁၈ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOMS-၈)နှင့် အခြားဆက်စပ်အစည်းအဝေးများ (Related Meeting) အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည်(၁)နာရီတွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ ပါသည်။
 
 
ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က အမှာစကားပြောကြားရာတွင် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂ဝ၁၈ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ နေပြည်တော်ရှိ Kempinski Hotelတွင် ဒုတိယအကြိမ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အခြားဆက်စပ်အစည်းအဝေးများကိုလည်း အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးနှင့် အစည်းအဝေးများသို့ အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ ဖြစ်သော ဘရူနိုင်း၊ ကမေ္ဘာဒီးယား၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် ဂျပန်နိုင်ငံမှအဆင့်မြင့် ကိုယ်စားလှယ်ကြီးများ စုစုပေါင်း အင်အား (၈၁)ဦး တက်ရောက် ဆွေးနွေးမည်ဟု သိရှိထားပါကြောင်း၊ အာဆီယံ + Japan Women and Sportsအစည်းအဝေးတွင် Physical Education ဆိုင်ရာကိစ္စများ၊ Women and Sports ဆိုင်ရာကိစ္စများ၊ တားမြစ်ဆေးဝါးနှင့် သက်ဆိုင်သော အကြောင်းအရာများအား ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် အစည်းအဝေးများအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန် ပြောကြားပါသည်။
 
 
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ အစည်းအဝေးပွဲသို့တက်ရောက်မည့် ကိုယ်စားလှယ်များ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာနိုင်ငံများနှင့် အလွယ်တကူဆက်သွယ်ဆောင်ရွက်နိုင်ရန် WiFi နှင့် SIM Cardများအား စီစဉ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နေ့စဉ်ထုတ်သတင်းစာများနှင့် TV Spot ထုတ်လွှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေး အတွက်လိုအပ်သော ယာဉ်များထားရှိပေးနိုင်ရေးကိစ္စရပ်များ၊ ပြည်ဝင်ခွင့်ဗီဇာရရှိရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရှိ တာဝန်ရှိသူများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။
 
ဆက်လက်၍ တက်ရောက်လာကြသော လုပ်ငန်းကော်မတီများနှင့် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ မိမိတို့ဝန်ကြီးဌာနများအနေဖြင့် တာဝန်ယူ ဆောင်ရွက် ရမည့် လုပ်ငန်းများအား ဆွေးနွေး တင်ပြကြပါသည်။
 
 
ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ  အထွေထွေကိစ္စရပ်များအား ဆွေးနွေးတင်ပြကြပြီးနောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။
 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%9B%E1%80%AC%E1%80%9B%E1%80%BE%E1%80%AD%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9D%E1%80%B1%E1%80%B8-soms-%E1%81%88%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%81%E1%80%BC%E1%80%AC%E1%80%B8%E1%80%86%E1%80%80%E1%80%BA%E1%80%85%E1%80%95%E1%80%BA%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9D%E1%80%B1%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-related