spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ့လူငယ်အလေးမအားကစားသမားများကငွေတံဆိပ်(၃)ခုထပ်မံရရှိ

မြန်မာ့လူငယ်အလေးမအားကစားသမားများကငွေတံဆိပ်(၃)ခုထပ်မံရရှိ

 
ရန်ကုန်၊အောက်တိုဘာလ( ၁၁ )ရက်။
 
ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)၌ အောက်တိုဘာလ 2nd  EGAT King's Cup 2018 အလေးမပြိုင်ပွဲများကိုအောက်တိုဘာလ(၁၁)ရက်၊ ဒေသစံတော်ချိန်ညနေ(၃)နာရီကစတင်ကျင်းပခဲ့ရာအမျိုးသား(၆၂)ကီလိုတန်းပြိုင်ပွဲတွင်နိုင်ငံပေါင်း(၇)နိုင်ငံမှအားကစားသမား(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာမှကောင်းဆက်နိုင် က (၂)ဆင့်မတွင် ဒုတိယငွေတံဆိပ်ဆုနှင့်အမျိုးသမီး(၅၃)ကီလိုတန်းတွင်မြန်မာမှမပြည့်ပြည့်ဖြိုး က ဒုတိယငွေတံဆိပ်(၂)ခုထပ်မံရရှိခဲ့သည်။
 
အဆိုပါပြိုင်ပွဲ၌အမြန်မတွင် (၁၂ဝ)ကီလို + နှစ်ဆင့်မတွင် (၁၅ဝ)ကီလိုစုစုပေါင်း စံချိန် (၂၇ဝ)ဖြင့်အင်ဒိုနီးရှားက (ပထမ) ၊ အမြန်မတွင် (၁၁၃)ကီလိုနှင့်နှစ်ဆင့်မတွင် (၁၃၇) ကီလိုစုစုပေါင်းစံချိန် (၂၅ဝ)ကီလိုဖြင့်အင်ဒိုနီးရှားက (ဒုတိယ)နှင့်ထိုင်းကအမြန်မတွင် (၁၁ဝ)ကီလိုနှင့်နှစ်ဆင့်မတွင် (၁၃၈)ကီလိုဖြင့်စုစုပေါင်းစံချိန် (၂၄၈)ကီလိုရရှိပြီး၊  မြန်မာကအမြန်မတွင် (၁ဝ၈)ကီလိုနှင့်နှစ်ဆင့်မတွင် (၁၄ဝ)ကီလိုစုစုပေါင်း စံချိန် (၂၄၈)ကီလိုရရှိပြီး စုစုပေါင်းရမှတ် (၂၄၈)ကီလိုဖြင့်ထိုင်းနှင့်စံချိန်တူနေသော်လည်း ပြိုင်ပွဲစည်းမျဉ်းအရထိုင်းကစံချိန်အရင်ရရှိသောကြောင့်ထိုင်းက (တတိယ) ရရှိပြီး မြန်မာမှကောင်းဆက်နိုင် က နှစ်ဆင့်မတစ်ခုတည်းတွင်စံချိန်(၁၄ဝ)ကီလိုကိုအားလုံးထက်သာလွန်အောင်မနိုင်ခဲ့၍ ဒုတိယငွေတံဆိပ်ဆုကိုရရှိခဲ့သည်။ 
 
 
ဆက်လက်ပြီး အမျိုးသမီး(၅၃)ကီလိုတန်းပြိုင်ပွဲတွင်အမြန်မ (၇၆)ကီလိုနှင့်နှစ်ဆင့်မ (၉၆)ကီလိုစုစုပေါင်း စံချိန် (၁၇၂)ကီလိုဖြင့်ထိုင်းက (ပထမ)၊ အမြန်မစံချိန်(၇၃)ကီလိုတွင်ငွေတံဆိပ်(၁)ခုနှင့်နှစ်ဆင့်မ (၉ဝ)ကီလိုစုစုပေါင်း စံချိန် (၁၆၃)ကီလိုဖြင့်ငွေတံဆိပ်(၁)ခုစုစုပေါင်း မြန်မာမှမပြည့်ပြည့်ဖြိုး က(ဒုတိယ)ငွေတံဆိပ်ဆု(၂)ဆုနှင့်အမြန်မ (၇၂)ကီလိုနှင့်နှစ်ဆင့် မ (၉ဝ)ကီလိုစုစုပေါင်း (၁၆၂)ကီလိုဖြင့်ထိုင်း က(တတိယ) အသီးသီး ရရှိထားပြီး မြန်မာအလေးမလူငယ်အားကစားသမားများက ဒီနေ့ပြိုင်ပွဲတွင်ငွေတံဆိပ်ဆု (၃)ခုဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပြီး ပြိုင်ပွဲများကိုအောက်တိုဘာလ(၁၅)ရက်နေ့နောက်ဆုံးပွဲအဖြစ်အမျိုးသား (+၁ဝ၅) ကီလိုအထက်တန်း ပြိုင်ပွဲတွင်မြန်မာမှရန်မျိုးကျော်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%80%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%81%83%E1%80%81%E1%80%AF%E1%80%91%E1%80%95%E1%80%BA%E1%80%99%E1%80%B6%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD