ရန်ကုန်၊အောက်တိုဘာလ( ၁၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ဂရိနိုင်ငံ Rhodes မြို့တွင် ၂ဝ၁၈ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့၌ကျင်းပပြုလုပ်မည့် Peace and Sport Regional Forumတက်ရောက်ရန် ယနေ့နံနက်(၂)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့်ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့ကပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။