နေပြည်တော်၊အောက်တိုဘာလ(၁၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ(၃:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းကို (၃) ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ မိနစ်(၉ဝ)တွင် ဂိုးမရှိ သရေကျနေပါသဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာဂိုးမရှိ သရေကျနေသောကြောင့်ပင်နယ်တီ အဆုံးအဖြတ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်း ကို (၅) ဂိုး (၃) ဂိုး ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

(၁၆.၁ဝ.၂ဝ၁၈) ရက်နေ့တွင်ပြိုင်ပွဲများ နားမည်ဖြစ်ပြီး (၁၇.၁ဝ.၂ဝ၁၈) ရက်နေ့ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် နံနက် (၇:၃ဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင် တို့သည်လည်းကောင်း၊ ညနေ (၃:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါ ကြောင်း သိရှိရပါသည်။