spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အောင်ပွဲရ Junior မြန်မာအလေးမအားကစားသမားများ ရောက်ရှိကြိုဆို

အောင်ပွဲရ Junior မြန်မာအလေးမအားကစားသမားများ ရောက်ရှိကြိုဆို

 
ရန်ကုန်၊ အောက်တိုဘာလ( ၁၆ )ရက်။
 
ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)၌ အောက်တိုဘာလ (၁ဝ)ရက်နေ့မှ(၁၅)ရက်နေ့အထိကျင်းပသော 2nd  EGAT King's Cup 2018 လူငယ်အလေးမပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခဲ့သော Junior တန်း မြန်မာလူငယ်အလေးမအားကစား အသင်းသည်အမျိုးသမီး(၂)ဦး၊ အမျိုးသား(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်(၄)ဦးစလုံး ဆုတံဆိပ်များ ထိုက်ထိုက်တန်တန်ရယူပေးနိုင်ခဲ့ပြီး၊ Junior Women (၄၈)ကီလိုတန်းပြိုင်ပွဲတွင်မြန်မာမှဇင်မေဦး က အမြန်မတွင်ရွှေတံဆိပ်(၁)ခု၊ နှစ်ဆင့်မတွင်ရွှေတံဆိပ်(၁)ခုနှင့်စုစုပေါင်းစံချိန် (၁၇၅)ကီလိုတွင်ရွှေတံဆိပ်(၁)ခု၊ စုစုပေါင်းရွှေတံဆိပ်(၃)ခုကိုလည်းကောင်း၊ Junior Men (၆၂)ကီလိုတန်း ပြိုင်ပွဲတွင်ကောင်းဆက်နိုင် က နှစ်ဆင့်မစံချိန် (၁၄ဝ)ကီလိုဖြင့်ငွေတံဆိပ်(၁)ခု၊Junior Women (၅၃)ကီလိုတန်းပြိုင်ပွဲတွင် ပြည့်ပြည့်ဖြိုး က အမြန်မတွင်ငွေတံဆိပ်(၁)ခုနှင့်စုစုပေါင်း စံချိန် (၁၆၃)ကီလိုတွင်ငွေတံဆိပ်(၁)ခုဖြင့်လည်းကောင်း၊ အမျိုးသား(+၁ဝ၅)ကီလိုအထက်တန်း ပြိုင်ပွဲတွင်ရန်မျိုးကျော်ကအမြန်မတွင်ငွေတံဆိပ်(၁)ခုနှင့်နှစ်ဆင့်မတွင်ကြေးတံဆိပ်(၁)ခုစုစုပေါင်း စံချိန်(၂၉၁)ကီလိုဖြင့်ငွေတံဆိပ်(၁)ခုစုစုပေါင်း ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၅)ခုနှင့်ကြေးတံဆိပ်(၁)ခုတို့ရရှိခဲ့သောအောင်ပွဲရ Junior မြန်မာအလေးမအားကစားသမားများသည် ယနေ့နံနက်(၁၁)နာရီခွဲအချိန်၌ထိုင်းနိုင်ငံလေဆိပ်မှ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယ ကျောင်းအုပ်ကြီး များနှင့်သင်တန်းသား/သူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဌနှင့်အမှုဆောင်များ၊ မိဘဆွေမျိုးများနှင့်မိတ်သင်္ဂဟများတို့က သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B-junior-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%86%E1%80%AD%E1%80%AF