spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

 
နေပြည်တော်၊အောက်တိုဘာလ(၁၉)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲကို ယနေ့ နံနက် (၇:၃ဝ) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မန္တလေးတိုင်း ဒေသကြီးအသင်း နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ရာတွင် မန္တလေးတိုင်းဒေသကြီးအသင်း မှ တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၅) ဂိုး (၃)ဂိုး ဖြင့်လည်းကောင်း၊  ညနေ(၃:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌  စစ်ကိုင်းတိုင်းဒေသကြီးအသင်း နှင့် ပဲခူးတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်း မှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၄) ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိ ခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
(၁၈.၁ဝ.၂ဝ၁၈) ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပြီး (၁၉.၁ဝ.၂ဝ၁၈) ရက်နေ့  တတိယလုပွဲအဖြစ် နံနက် (၇:၃ဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌  ပဲခူးတိုင်းဒေသကြီးအသင်း နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း တို့သည်လည်းကောင်း၊ ညနေ (၃:ဝဝ) နာရီ အချိန်တွင် ဗိုလ်လုပွဲအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း တို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%89%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-0