spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားအား စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားအား စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

နေပြည်တော် ၊ အောက်တိုဘာလ (၁၉) ရက်။    

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ ညနေ (၃)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူနှင့်တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဘောလုံးဝါသနာရှင် မိဘပြည်သူများ တက်ရောက် ကြည့်ရှု အားပေးကြပါသည်။

 

ပြိုင်ပွဲကိုယှဉ်ပြိုင်ကစားကြရာ တတိယလုပွဲစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုး ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် (၉ဝ)တွင် ဂိုးမရှိ သရေကျသဖြင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာတွင် ထပ်မံ သရေကျနေသောကြောင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၃)ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။

     

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အကောင်းဆုံး ဂိုးသမားဆုရရှိသွားသော ကျောနံပါတ်(၁) ထွန်းထွန်းဝင်း(စစ်ကိုင်း) အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှ လည်းကောင်း ၊ နောက်တန်းအကောင်းဆုံးအားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၄) စောထောနေမှူး (ပဲခူး)နှင့် အလယ်တန်းအကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၆) သူရိန်ဖြိုး (မန္တလေး) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း ၊ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၁ဝ) ကောင်းဇင်မိုး(တနင်္သာရီ) နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၁၆) မုန်ကိမ်းခိုင်(စစ်ကိုင်း) တို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှလည်းကောင်း၊ တတိယဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူမှလည်းကောင်း၊ ပထမဆုရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆု တံဆိပ်များအပြင် အမျိုးသားတံခွန်စိုက် ဆုဖလားကို စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%89%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2