spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > 2nd EGAT King's Cup 2018 ဖိတ်ခေါ်အလေးမပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေး ရရှိသည့်အားကစားသမားများအား ဂုဏ်ပြု

2nd EGAT King's Cup 2018 ဖိတ်ခေါ်အလေးမပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေး ရရှိသည့်အားကစားသမားများအား ဂုဏ်ပြု

 
ရန်ကုန်၊ အောက်တိုဘာလ( ၂ဝ )ရက်။
 
ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)၌ အောက်တိုဘာလ (၁ဝ)ရက်နေ့မှ(၁၅)ရက်နေ့အထိကျင်းပသော  2nd  EGAT King's Cup 2018 လူငယ် အလေးမ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ရွှေ(၃)ခု၊ ငွေ(၅)ခု၊ ကြေး(၁)ခု ဖြင့် အောင်မြင်မှု ရရှိခဲ့သော မြန်မာ့လူငယ်အလေးမအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ညနေ(၄)နာရီ က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
 
ဂုဏ်ပြုပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ချစ်နှင့် အမှုဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဆုရအားကစားသမားတက်ရောက်ကြသည်။
 
 
 
ဆက်လက်ပြီး အသင်းအုပ်ချုပ်သူ ဦးမျိုးထွန်း မှ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး Junior Women (၄၈)ကီလိုတန်းပြိုင်ပွဲတွင် အမြန်မ  ရွှေတံဆိပ်(၁)ခု၊ နှစ်ဆင့်မ ရွှေတံဆိပ်(၁)ခုနှင့် စုစုပေါင်းစံချိန် (၁၇၅)ကီလို ရွှေတံဆိပ်(၁)ခု၊ စုစုပေါင်း ရွှေတံဆိပ်(၃)ဆုရ ဇင်မေဦးအား ဂုဏ်ပြုဆုငွေကျပ် (၁ဝ)သိန်းအား လည်းကောင်း၊ Junior Men (၆၂)ကီလိုတန်း ပြိုင်ပွဲတွင် နှစ်ဆင့်မစံချိန် (၁၄ဝ)ကီလိုဖြင့် ငွေတံဆိပ်(၁)ခုရ ကောင်းဆက်နိုင် အားဂုဏ်ပြုဆုငွေကျပ်(၆)သိန်းအားလည်းကောင်း၊ Junior Women (၅၃)ကီလိုတန်း ပြိုင်ပွဲတွင် အမြန်မ ငွေတံဆိပ်(၁)ခုနှင့် စုစုပေါင်း စံချိန် (၁၆၃)ကီလိုတွင် ငွေတံဆိပ်(၁)ခုရပြည့်ပြည့်ဖြိုး အား ဂုဏ်ပြုဆုငွေကျပ်(၆)သိန်းအားလည်းကောင်း၊  အမျိုးသား(+၁ဝ၅)ကီလိုအထက်တန်း ပြိုင်ပွဲတွင် အမြန်မ ငွေတံဆိပ်(၁)ခုနှင့် နှစ်ဆင့်မတွင် ကြေးတံဆိပ်(၁)ခု စုစုပေါင်း စံချိန် (၂၉၁)ကီလိုဖြင့် ငွေတံဆိပ်(၁)ခုရ  ရန်မျိုးကျော်အား ဂုဏ်ပြုဆု ငွေကျပ်(၆) သိန်း အားလည်းကောင်း၊ အုပ်ချုပ်သူ၊ နည်းပြ(၃)ဦးတို့အား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၃)သိန်း စီအားလည်းကောင်း  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ရွှေတံဆိပ် (၃)ဆုရှင် မဇင်မေဦး မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/2nd-egat-kings-cup-2018-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%81%8A%E1%80%84%E1%80%BD%E1%80%B1%E1%81%8A%E1%80%80%E1%80%BC%E1%80%B1%E1%80%B8-%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8