spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်နည်းပြနှင့် ဒိုင်လူကြီးသင်တန်း (၁/၂ဝ၁၈) သင်တန်းဆင်းပွဲအခမ်းအနား

မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်နည်းပြနှင့် ဒိုင်လူကြီးသင်တန်း (၁/၂ဝ၁၈) သင်တန်းဆင်းပွဲအခမ်းအနား

ရန်ကုန်၊ အောက်တိုဘာလ(၂ဝ)ရက်။     

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့မှပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်နည်းပြနှင့် ဒိုင်လူကြီးသင်တန်း(၁/၂ဝ၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို   ယနေ့ ညနေ(၃)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံရုံးဟောင်း၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းအောင်၊ ဂျပန်ဂျူဒိုနည်းပြဆရာများနှင့်သင်တန်းသား/သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းက သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး ဂျူဒိုနည်းပြများအား အမှတ်တရလက်ဆောင်များကို ပေးအပ် ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အကောင်းဆုံးထူးချွန်ဆုရ သင်တန်းသား ကပ်ကျင်းပေါင်(အား/ကာသိပ္ပံ-မုံရွာ)နှင့် သဉ္ဇာစိုး(အား/ကာသိပ္ပံ-မော်လမြိုင်)တို့အား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
 

အဆိုပါသင်တန်းကို အောက်တိုဘာ(၈)ရက်နေ့မှ (၂ဝ)ရက်နေ့အထိ နှစ်ပတ်ခန့်ကြာဖွင့်လှစ်ရာ ပြည်နယ်နှင့်တိုင်းမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းပေါင်းစုံမှ နည်းပြများနှင့် တိုင်းစစ်ဌာနချုပ်မှ သင်တန်းသားဦးရေ စုစုပေါင်း(၅ဝ)ဦးတို့သည် JICA မှ အကူအညီပေး သည့်ဂျပန် Gym နည်းပြ မစ္စတာ Mr. Mitsuru Inoue ကလည်း Muscle ဖွံ့ဖြိုးမှုလေ့ကျင့်ခန်းများ၊ ဂျူဒိုအတွက် လိုအပ်သည့် ကြွက်သားများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လေ့ကျင့်ခန်းများ၊ ဂျပန် ဂျူဒိုနည်းပြမစ္စတာYoshihiho HURUTA မှ တိုးတက်ပြောင်းလဲနေသော ဂျူဒိုနည်းစနစ်များ အခြေခံနည်းစနစ်သင်ကြားပုံများနှင့် စနစ်တကျလေ့ကျင့်နည်းများကို သင်ကြားပေးလျက်ရှိရာ မြန်မာဂျူဒိုနည်းပြများမှလည်း ချုပ်၊ ချိုး၊ ညှစ် နည်းစနစ်များ၊ ပြောင်းလဲလာသောဂျူဒိုဥပဒေများ ၊ KATA(ခတ)နည်းစနစ်များနှင့် အမှတ်ပေးစည်းမျဉ်းများကို သင်ကြားပေးသည့်အတွက် များစွာအကျိုးရှိသည့်သင်တန်းများဖြစ်ကြောင်းသိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%82%E1%80%BB%E1%80%B0%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%B7%E1%80%99%E1%80%BE-%E1%80%95%E1%80%B0%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7