ရှမ်းပြည်နယ်၊ အောက်တိုဘာ (၂၁) ရက်။
၂၀၁၈ ခုနှစ်၊ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲ အခမ်းအနားကို (21-10-2018) ရက်နေ့၊ နံနက် (၆) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ စက်ဘီးစီးနင်းပွဲကို ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မြင့် မှ သေနတ်ပစ်ဖောက်၍ ဗိုလ်ချုပ်ပန်းခြံရှေ့မှ စတင် တာလွှတ်ပေးခဲ့ပါသည်။ စက်ဘီးစီးနင်းပွဲကို တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံရှေ့မှ စတင်၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း မှ တဆင့် မြင်းရုပ် - အရှေ့မြို့ပတ်လမ်း အတိုင်းစီးနင်းပြီး ပြည်နယ်လေ့ကျင့်ရေးအားကစားရုံရှေ့တွင် ပန်းဝင်ခဲ့ပါသည်။
အဆိုပါ စက်ဘီးစီးနင်းပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဘ႑ဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ ၊ ရှမ်းပြည်နယ်အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထန်အိတ်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မြင့်၊ ရှမ်းပြည်နယ်စက်ဘီးကလပ်အဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း အင်အား(၈၀)ကျော် လိုက်ပါစီးနင်းခဲ့ကြပါသည်။