spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဖွဲ့စည်း

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဖွဲ့စည်း

ရန်ကုန်၊ အောက်တိုဘာလ( ၂၃ )ရက်။         

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် မြန်မာ့လှေလှော် အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အတွက် ပထမဆုံးရွေးချယ်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များရွေးချယ်တင်မြှောက်ရေးကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်နှင့် အဖွဲ့ဝင်(၅)ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ လှေလှော်အားကစားဆပ်ကော်မတီဝင်များ၊ ပါဝင်အရွေးခံမည့် ကိုယ်စားလှယ်လောင်း များစုံညီစွာ တက်ရောက်ကြသည်။

ရှေးဦးစွာ  မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ် တင်မြှောက်ရေး ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင် နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစိန်ထွန်းတို့ကအသီးသီးအဖွင့်အမှာစကားပြောကြားပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် မှ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် နာယက အဖွဲ့ဝင်များအဖြစ် ဦးမောင်မောင်စိုး( မြို့တော်ဝန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)၊ ဦးကျော်စိန် (ဥက္ကဌ၊ Jewellery  Luck Group Co.,Ltd ) ၊ ဦးချစ်ခိုင် (မန်နေဂျင်းဒါရိုက်တာ အေဒင်အုပ်စု ကုမ္ပဏီလီမိတက်)၊ ဦးစိန်ထွန်း (ဦးဆောင်ညွှန်ကြားရေးမှူး-ငြိမ်း)တို့ ဖြစ်ကြပြီး အလုပ်အမှုဆောင် အဖွဲ့ဝင်များ မဲနှိုက်ရွေးချယ်ရာမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဦးထွန်းဦး (ဒုတိယဥက္ကဌ)၊ ဒေါက်တာသန်းတိုး (ဒုတိယဥက္ကဌ)၊ ဦးဖေဝင်း(ဒုတိယဥက္ကဌ)၊ ဦးကျော်ကျော်လှိုင် (ဒုတိယဥက္ကဌ)၊ Mr. Lai Zue Jun  (ဒုတိယဥက္ကဌ)၊ ဦးမျိုးဆွေသိန်း (ဒုတိယဥက္ကဌ)၊ ဦးအုန်းမြင့်(ဒုတိယဥက္ကဌ)၊ အမှုဆောင်အဖွဲ့ဝင်  (၁၅)ဦးနှင့်  ဦးသက်လွင် (အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်-ငြိမ်း)၊ ဦးကျော်ဝင်း (တွဲဘက်အတွင်းရေးမှူး-၁)၊ ဦးနေဝင်းမောင် (တွဲဘက် အတွင်းရေးမှူး-၂)နှင့် ဒေါ်လှလှရီ (ဘဏ္ဍာရေးမှူး ) နှင့်အတူ အလုပ်အမှုဆောင် စုစုပေါင်း (၃၂)ဦး တို့အား အောက်တိုဘာလ(၂၃)ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပြီး ရွေးချယ်တင်မြေ§ာက်ခံ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း က လှေလှော် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များအား သေးစိတ်ရှင်းလင်းပြောကြား ခဲ့ကြောင်းသတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%85%E1%80%8A%E1%80%BA%E1%80%B8