spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပထမအကြိမ် မြားပစ်အားကစားနည်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ရန် မြန်မာမြားပစ်ကိုယ်စားလှယ်အဖွဲ့ လေဆိပ်ပို့ဆောင်နှုတ်ဆက်

ပထမအကြိမ် မြားပစ်အားကစားနည်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ရန် မြန်မာမြားပစ်ကိုယ်စားလှယ်အဖွဲ့ လေဆိပ်ပို့ဆောင်နှုတ်ဆက်

ရန်ကုန်၊ အောက်တိုဘာလ( ၂၄ )ရက်။     

ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)တွင် အောက်တိုဘာလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပထမအကြိမ် မြားပစ်နည်းပြဆရာများ ဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ (1st Compound Coaches Seminar and Workshop) သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ဝင်(၄)ဦး တို့သည် ယနေ့ညနေ (၄)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ(ဘန်ကောက် မြို့)သို့ ထွက်ခွာသွားရာ  မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊   အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အောင်ငှိမ်း (နည်းပြ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်)၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/နည်းစနစ်မှူး ဦးအောင်သူရ၊ ရဲအုပ်လင်းနိုင် ပြည်ထဲရေးဝန်ကြီးဌာန၊ နည်းပြ/ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/ နည်းစနစ်မှူး ဒေါ်အေးအေးသင်းတို့ လိုက်ပါသွားကြောင်းသတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%91%E1%80%99%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%AF%E1%80%B6%E1%80%86%E1%80%BD%E1%80%B1%E1%80%B8%E1%80%94%E1%80%BD%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%80%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%94%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%BE%E1%80%9A%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7