spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အားကစားပြိုင်ပွဲများကျင်းပ

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အားကစားပြိုင်ပွဲများကျင်းပ

 
နေပြည်တော်၊အောက်တိုဘာလ(၂၄)ရက်။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ)ကျောင်းများ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အားကစားပြိုင်ပွဲများအား ယနေ့နံနက် (၆:ဝဝ) နာရီအချိန်တွင် စတင်ကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသော ပြေးခုန်ပစ်ပြိုင်ပွဲများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှကျောင်းအုပ်ကြီးများ တက်ရောက် ကြည့်ရှုအားပေးကြပါသည်။ 
 
 
အမျိုးသားမီတာ(၅ဝဝဝ) လမ်းလျှောက်ပြိုင်ပွဲတွင် မိုင်ညီညီမိုး အား/ကာသိပ္ပံ (တောင်ကြီး) မှ ၂၂မိနစ် ၁၆ဒသမ ၁စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့သည်။ ယခင်၂ဝ၁၇ခုနှစ် ပြိုင်ပွဲတွင်ရရှိခဲ့သော စံချိန် ၂၂မိနစ် ၄၃ဒသမ ၅၈ စက္ကန့် ထက်ကောင်းခဲ့ပြီး မိုင်ညီညီမိုး သည် ၂ဝ၁၈ခုနှစ် (၁ဝ)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစား ပြိုင်ပွဲတွင် ၄င်းကိုယ်တိုင် တင်ထားသည့် စံချိန်၂၂မိနစ် ၅၇ဒသမ ၁၉စက္ကန့်ကို ချိုးကာ အာဆီယံကျောင်းသား အားကစားပြိုင်ပွဲ၏ အကောင်းဆုံးစံချိန်ဖြစ်သော  ၂ဝ၁ဝခုနှစ် အာဆီယံကျောင်းသားအားကစားပွဲတွင် ဗီယက်နမ်အားကစားသမား ရရှိထားသော စံချိန်၂၂မိနစ်၂၆ဒသမ၈ဝစက္ကန့် ထက်သာလွန်ကောင်းခဲ့သည်။ ဆက်လက်၍ အမျိုးသမီး မီတာ (၅ဝဝဝ)လမ်းလျှောက်၊ အမျိုးသား/အမျိုးသမီး တန်းမြင့်ခုန်၊ အမျိုးသား/အမျိုးသမီး မီတာ(၄ဝဝ) တန်းကျော်ပြေး၊ အမျိုးသား/အမျိုးသမီးသံပြားဝိုင်းပစ်၊ အမျိုးသား/အမျိုးသမီး မီတာ(၂ဝဝ)၊ အမျိုးသား/အမျိုးသမီးအလျားခုန်၊ အမျိုးသား/အမျိုးသမီးမီတာ(၁၅ဝဝ) ပြိုင်ပွဲ များကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲများအပြီးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 
 
ဆက်လက်၍ ဘောလုံးပြိုင်ပွဲ(ကျား)၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ ကရာတေးပြိုင်ပွဲ (ကျား/မ)၊ ဘော်လီဘောပြိုင်ပွဲ (ကျား/မ)၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ(ကျား/မ)၊ တင်းနစ်ပြိုင်ပွဲ (ကျား/မ) နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများအား သက်ဆိုင်ရာ အားကစားကွင်း/ရုံ အသီးသီး၌ ယှဉ်ပြိုင်ကစားကြပြီး ကရာတေးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
အဆိုပါ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အားကစားပြိုင်ပွဲများကို (၂၁.၁ဝ.၂ဝ၁၈)ရက်နေ့မှ(၃ဝ.၁ဝ.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ် နံနက်(၆)နာရီခွဲ အချိန်မှ စတင်ပြီး သက်ဆိုင်ရာအားကစားကွင်း/ရုံ အသီးသီးတို့၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါ ကြောင်း သိရှိရပါသည်။
 
 
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%81%8A-%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%81%8A-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%81%8A-%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%81%8A