spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အားကစားပြိုင်ပွဲများဆက်လက်ကျင်းပ

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အားကစားပြိုင်ပွဲများဆက်လက်ကျင်းပ

 
နေပြည်တော်၊အောက်တိုဘာလ(၂၅)ရက်။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲတိုးတက်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ)ကျောင်းများ၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အားကစားပြိုင်ပွဲများအား ယနေ့နံနက် (၆:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြည့်ရှု အားပေးကြပါသည်။
 
 
ဆက်လက်၍ ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ(၈ဝဝ) (ကျား/မ)၊ မီတာ(၁ဝဝ) (ကျား/မ)၊ သံလုံးပစ်(ကျား/မ)၊ သုံးဆင့်ခုန်(ကျား/မ)၊ မီတာ(၂ဝဝဝ)တားဆီးကျော်ပြေး(ကျား/မ)၊ မီတာ (၄ဝဝ x ၄)လက်ဆင့်ကမ်း (ကျား/မ)ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများအပြီးဆုရရှိသော အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
 
 
ဆက်လက်၍ ဘောလုံးပြိုင်ပွဲ(မ)၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊  စားပွဲတင်တင်းနစ်ပြိုင်ပွဲ(ကျား/မ)၊ တင်းနစ်ပြိုင်ပွဲ (ကျား/မ)နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို  သက်ဆိုင်ရာ အားကစားကွင်း/ရုံ အသီးသီး၌ ယှဉ်ပြိုင်ကစားခဲ့ပါသည်။
 
 
 
ဆက်လက်၍ နေ့လည်ပိုင်းတွင် လယ်ဝေးမြို့ရှိ အားကစားလေ့ကျင့်ရေးစခန်း-၂ (TC-2)တွင် ကျင်းပလျက်ရှိသော  အလေးမပြိုင်ပွဲနှင့် ဝူရှူးပြိုင်ပွဲများယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုရရှိသောအားကစားသမားများကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
အဆိုပါ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာ) ကျောင်းများ၏ အားကစားပြိုင်ပွဲများကို (၂၁.၁ဝ.၂ဝ၁၈)ရက်နေ့မှ(၃ဝ.၁ဝ.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ် နံနက်(၇:၃ဝ) နာရီ အချိန်မှစတင်ပြီး သက်ဆိုင်ရာအားကစားကွင်း/ရုံ အသီးသီးတို့၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%81%8A-%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%81%8A-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%81%8A-%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%81%8A-0