spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ၊ အမျိုးသားတံခွန်ဆုဖလားအား ပဲခူးတိုင်းဒေသကြီးအသင်း ဆွတ်ခူး၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားအား မန္တလေးတိုင်းဒေသကြီးအသင်း ဆွတ်ခူး

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ၊ အမျိုးသားတံခွန်ဆုဖလားအား ပဲခူးတိုင်းဒေသကြီးအသင်း ဆွတ်ခူး၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားအား မန္တလေးတိုင်းဒေသကြီးအသင်း ဆွတ်ခူး

နေပြည်တော်၊ အောက်တိုဘာလ(၂၈)ရက်။
မန္တလေးတိုင်းအစိုးရအဖွဲ့ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ကျင်းပသော၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်တွင် မန္တလေးမြို့၊ နန်းမြို့ရိုး ကျုံးအနောက်ဘက်၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဌ ဦးမျိုးဆွေသိန်းနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုကာ ဆုများချီးမြှင့်ခဲ့ပါသည်။
ယနေ့ပြိုင်ပွဲများအဖြစ် မီတာ(၅ဝဝ) ကျား/မ ၅တက်လှော်၊ မီတာ(၅ဝဝ) ကျား/မ ၇တက်လှော်၊ မီတာ(၅ဝဝ)ကျား/မ ၁ဝ တက်လှော်ပြိုင်ပွဲနှင့် မီတာ(၅ဝဝ) (ကျား+မ) ၁ဝ တက်လှော် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသားတံခွန်စိုက်ဆုဖလားကို ရွှေ(၄)ခု၊ ငွေ(၂)ခုဖြင့် ပဲခူးတိုင်းဒေသကြီးမှလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ရွှေ(၄)ခု၊ ကြေး(၂)ခုဖြင့် မန္တလေးတိုင်းဒေသကြီးမှလည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဆုဖလားကို ရွှေ(၄)ခု၊ ငွေ(၃)ခု၊ ကြေး(၃)ခုဖြင့် မန္တလေးတိုင်းဒေသကြီးအသင်းမှလည်းကောင်း အသီးသီး ရရှိခဲ့ပြီး အဆိုပါဆုများအား မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးမှ ချီးမြှင့်ခဲ့ပြီး ကျန်ဆုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာလှေလှော် အဖွဲ့ချုပ်ဥက္ကဌ ၊ ဒုတိယ ဥက္ကဌနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုကြေးငွေ စုစုပေါင်း ကျပ်သိန်း (၂ဝဝ)ကျော် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A