spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ ၁၅ကီလို တာဝေးအလွတ်တန်းနှင့် ၁ဝကီလို လူသစ်တန်း အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ မန္တလေးတွင်ကျင်းပ

၂ဝ၁၈ခုနှစ်၊ ၁၅ကီလို တာဝေးအလွတ်တန်းနှင့် ၁ဝကီလို လူသစ်တန်း အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ မန္တလေးတွင်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ(၂၈)ရက်။
Pocari Sweat အချိုရည်၏ ပံ့ပိုးကူညီမှုဖြင့် မန္တလေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ပြေးခုန်ပစ်ဆပ်ကော်မတီတို့ ပူးပေါင်း၍ ကျင်းပသော ၂ဝ၁၈ခုနှစ် ၁၅ကီလိုတာဝေးအလွတ်တန်း(ကျား/မ)ပြိုင်ပွဲနှင့် ၁ဝကီလို လူသစ်တန်း(ကျား/မ) ပြိုင်ပွဲကို ယနေ့နံနက် (၅) နာရီအချိန်တွင် မန္တလေးမြို့၊ ဗထူးအားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်နှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြေးခုန်ပစ်ဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြပါသည်။
အဆိုပါ ၁၅ကီလိုတာဝေးအလွတ်တန်းနှင့် ၁ဝကီလိုလူသစ်တန်း အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် လူသစ်တန်းအားကစားသမား(၉၆ဝ)ဦးနှင့် အလွတ်တန်း အားကစားသမား (၄ဝ)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများအပြီး ဆုရရှိသူများကို အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး ပြေးခုန်ပစ်ဆပ်ကော်မတီမှ တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%81%81%E1%81%85%E1%80%80%E1%80%AE%E1%80%9C%E1%80%AD%E1%80%AF-%E1%80%90%E1%80%AC%E1%80%9D%E1%80%B1%E1%80%B8%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%81%81%E1%80%9D%E1%80%80%E1%80%AE%E1%80%9C%E1%80%AD%E1%80%AF-%E1%80%9C%E1%80%B0%E1%80%9E%E1%80%85%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8